ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ NLDမှ လွှတ်​​တော်​ကိုယ်​စား လှယ်​​လောင်းများအ​ပေါ် တိုင်​ကြားတဲ့ကန့်​ကွက်​လွှာများကို ​ရွေး​ကော်​ပယ်​ဖျက်

ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ NLDမှ လွှတ်​​တော်​ကိုယ်​စား လှယ်​​လောင်းများအ​ပေါ် တိုင်​ကြားတဲ့ကန့်​ကွက်​လွှာများကို ​ရွေး​ကော်​ပယ်​ဖျက်
July 22, 2017 Asian Fame

1:18 pm
ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ NLDမှ လွှတ်​​တော်​ကိုယ်​စား လှယ်​​လောင်းများအ​ပေါ် တိုင်​ကြားတဲ့ကန့်​ကွက်​လွှာများကို ​ရွေး​ကော်​ပယ်​ဖျက်

ရန်ကုန် ဇူလိုင် ၂၂

ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်ကြားခံရတဲ့NLD အမတ်လောင်း၃ဦးကို ကန့်ကွက်စရာအကြောင်းမပေါ်ဘူးဆိုပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမိန့်ချလိုက်ကာ ၄င်းတို့ကိုတိုင်ကြားထားတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ကန့်ကွက်လွှာများကိုမနေ့ကပယ်ဖျက်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးဝင်းမင်း(NLD)၊ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးနေကျော်(NLD)၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးကျော်ဆွေဝင်း(ခ)ဦးအာလူး(NLD)တို့ကို သူတို့ရဲ့ သက်ဆိုင်ရာမဲဆန္ဒနယ်များမှပဲ ဝင်ပြိုင်ကြတဲ့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကကန့်ကွက်တိုင်ကြားခဲ့ကြတာပါ။

ကန့်ကွက်လွှာအမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်၊ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးဥပဒေကျွမ်းကျင်သူ ဦးမြဝင်းနှင့် ဦးဝင်းဆွေတို့ ခုံအဖွဲ့ဝင်များအဖြစ်ပါဝင်တဲ့ ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ကြားနာမှုပြုခဲ့ပြီး ယခုလိုဆုံးဖြတ်ခဲ့တာပါ။

လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပွဲမှာရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊နည်းဥပဒေများနဲ့ မညီညွတ်ဘဲဆောင်ရွက်တယ်လို့ ယူဆရင် ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ကြောင်းတိုင်ကြားနိုင်ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံရုံးအဖွဲ့ဖွဲ့ပြီး နှစ်ဖက်ကြားနာကာ ဆုံးဖြတ်တာဖြစ်ပါတယ်။

 

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*