ရထားလမ်း ရေကျော်လို့ မော်လမြိုင် -ရန်ကုန်ရထား လမ်းတွင် ခေတ္တ ရပ်နားထားရ/ နယ်မြေခံ တပ်ရင်းများက စားသောက်ဖွယ်ရာ များထောက်ပံ့

ရထားလမ်း ရေကျော်လို့ မော်လမြိုင် -ရန်ကုန်ရထား လမ်းတွင် ခေတ္တ ရပ်နားထားရ/ နယ်မြေခံ တပ်ရင်းများက စားသောက်ဖွယ်ရာ များထောက်ပံ့
July 21, 2017 Asian Fame

5:36 pm
ရထားလမ်း ရေကျော်လို့ မော်လမြိုင် -ရန်ကုန်ရထား လမ်းတွင် ခေတ္တ ရပ်နားထားရ/ နယ်မြေခံ တပ်ရင်းများက စားသောက်ဖွယ်ရာ များထောက်ပံ့

20140037_1495531647157462_4026621790322773069_n(မော်လမြိုင် ၊ ဇူလိုင်)

ကျိုက်ထိုမျြိ့မှာ မိုးသည်းထန်ပြီး မြို့ပေါ်ရပ်ကွက်တွေ ရေကြီးနေသလို မော်လမြိုင်-ရန်ကုန် ရထားလမ်းမှာ လည်း ရေကျော်မှုဖြစ်ပွားနေ ပါတယ်။

ရထားလမ်း ရေကျော်မှု ၂ ပေလောက်ဖြစ်ပွားတာကြောင့် ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ မော်လမြိုင်-ရန်ကုန် ထွက်ခွာလာတဲ့ အမှတ် ၃၆ အစုန် ရထားဟာ ကျိုက်ထိုမြို့၊ သိမ်ဇရပ်ကျေးရွာအနီး၊ မိုင်တိုင် ၇၇/၁၇ နဲ့ ၇၇/၂၀ ကြား အရောက် မှာ ခေတ္တ ရပ်နား ထားရပါတယ်။

ရထားပေါ် လိုက်ပါလာတဲ့ ခရီးသည်တွေ အတွက် နယ်မြေခံတပ် တပ်မတော်သားတွေက စားသောက်ဖွယ်ရာ သွားရောက်ထောက် ပံ့ပေးခဲ့ပြီး မိမိ အစီအစဉ်နဲ့ ခရီးဆက်လိုတဲ့ ခရီးသည်တွေကိုလည်း ခရီးသည်တင် ယာဉ်တွေပေါ် ကူညီ ပို့ဆောင်ပေးခဲ့တယ် လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ကျိုက်ထိုမြို့ပေါ် မှာလည်း ရေကြီးရေလျှံမှုတွေကြောင့် ရပ်ကွက် ၄ ခုနဲ့ ရွာတစ်ရွာက ရေဘေးသင့် ပြည်သူ ၂၈၀၀ ကျော် ဟာ ကယ်ဆယ်ရေး စခန်းတွေမှာရောက်ရှိ နေထိုင်နေရတယ်လို့ လူကယ်ပြန် ၀န်ကြီးဌာနကနေသိရပါတယ်။

YL
ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*