ဘဏ္ဍာနှစ်အစ ၃ လအတွင်း ဆန်တင်ပို့မှု အတွက် ပြည်ပ ဈေးကွက်သစ်နိုင်ငံ ၂၀ ကျော် ရရှိခဲ့ပြီး

ဘဏ္ဍာနှစ်အစ ၃ လအတွင်း ဆန်တင်ပို့မှု အတွက် ပြည်ပ ဈေးကွက်သစ်နိုင်ငံ ၂၀ ကျော် ရရှိခဲ့ပြီး
July 20, 2017 Asian Fame

12:23 pm
ဘဏ္ဍာနှစ်အစ ၃ လအတွင်း ဆန်တင်ပို့မှု အတွက် ပြည်ပ ဈေးကွက်သစ်နိုင်ငံ ၂၀ ကျော် ရရှိခဲ့ပြီး

rice(နေပြည်တော်၊ ဇူလိုင် ၂၀)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အစ (၃) လအတွင်း ပြည်ပ (၄၃)နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် (၈)သိန်း အထိ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလ တူထက် တန်ချိန် (၅)သိန်းခန့် ပိုမို တင်ပို့နိုင်ခဲ့သည်။

ယခုနှစ်တွင် ဆန်နှင့်ဆန်ကွဲ တင်ပို့သည့် ပြည်ပ ဈေးကွက်သစ်နိုင်ငံ(၂၀)ကျော် အထိ တိုးလာခဲ့ပြီး (၃)လအတွင်း အမေရိကန်ဒေါ်လာ (၂၂၇) သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“အရင်နှစ်က အခုလို(၃)လ အတွင်းမှာ ဆန်၊ဆန်ကွဲ တန်ချိန် သုံးသိန်းလောက်ဘဲ တင်ပို့နိုင်ခဲ့ပါတယ်၊ တင်ပို့တဲ့နိုင်ငံ ကလည်း (၂၅)နိုင်ငံလောက် ဘဲရှိပါတယ်၊ ခုနှစ်မှာတော့ ဈေးကွက်သစ် တွေရခဲ့သလို တန်ချိန်တွေလဲ အများကြီး မြင့်လာနေပါတယ်။”ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦးဇော်မင်းကဆိုသည်။

အစိုးရ၏ လယ်ယာ ထွက်ကုန်များကို ပိုမိုဈေးကွက်ချဲ့ထွင် တင်ပို့နိုင်စေရေး ဆိုသည့် အချက်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သက်ဆိုင်ရာ အသင်းများနှင့် ပူးပေါင်း အကောင်အထည်ဖော်လျက် ရှိနေပြီး နှစ်စဉ်ဈေးကွက်သစ်နိုင်ငံ များ ရရှိလျှက် ရှိနေသည် ။ပြည်ပနိုင်ငံများသို့ လယ်ယာ ထွက်ကုန်များ တင်ပို့ရာတွင် ဝယ်လိုအား ရှိနေသော်လည်း အရေအသွေး စံသတ်မှတ် ချက်ကြောင့် တင်ပို့နိုင်မှု အပိုင်းတွင် အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း ကုန်သည် လုပ်ငန်းရှင် များက ထောက်ပြထားသည်။

ပြည်တွင်းတွင် စိုက်ပျိုးထုတ်လုပ်နေသည့် လယ်ယာထွက်ကုန် များမှာ ရှေးယခင်က စိုက်ပျိုးခဲ့သည့် နည်းလမ်းများကို သာတောင်သူများမှ အသုံးပြုနေကြပြီး ခောတ်မီ နည်းစနစ်များဖြင့် အစားထိုးအသုံးပြုကြရန် လိုအပ်နေကြောင်း လယ်ယာ စိုက်ပျိုးရေးဦးစီးဌာနမှ အကြံပြု ထားသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*