အထပ်‌မြင့်‌ယာဉ်‌‌ရောင်းဝယ်‌ရပ်‌နားစခန်းဖွင့်‌လှစ်‌‌ပေးရန်‌အစိုးရထံ တောင်းဆိုသွားမည်ဟု ရန်​ကုန်​​မော်​​တော်​ကား​ရောင်းဝယ်​​ရေးအသင်းဆို

အထပ်‌မြင့်‌ယာဉ်‌‌ရောင်းဝယ်‌ရပ်‌နားစခန်းဖွင့်‌လှစ်‌‌ပေးရန်‌အစိုးရထံ တောင်းဆိုသွားမည်ဟု ရန်​ကုန်​​မော်​​တော်​ကား​ရောင်းဝယ်​​ရေးအသင်းဆို
July 20, 2017 Fame Asian

4:49 pm
အထပ်‌မြင့်‌ယာဉ်‌‌ရောင်းဝယ်‌ရပ်‌နားစခန်းဖွင့်‌လှစ်‌‌ပေးရန်‌အစိုးရထံ တောင်းဆိုသွားမည်ဟု ရန်​ကုန်​​မော်​​တော်​ကား​ရောင်းဝယ်​​ရေးအသင်းဆို

20228486_1931479790438925_2152170015368046215_n

ရန်‌ကုန်‌၊ဇူလိုင်‌ ၂၀

ယာယီအသင်အဖွဲ့မှတ်ပုံတင်လက်မှတ်ရရှိခဲ့ပြီဖြစ်သည့် ရန်ကုန်မော်တော်ကားရောင်းဝယ်ရေးအသင်းအနေဖြင့် လှိုင်‌မြို့နယ်‌အတွင်း အထပ်‌မြင့်‌ယာဉ်‌‌ရောင်းဝယ်‌ရပ်‌နားစခန်းဖွင့်‌လှစ်‌‌ပေးနိုင်‌ရန်‌ လွှတ်‌‌တော်‌မှတစ်‌ဆင့်‌‌အစိုးရထံတောင်းဆိုသွားမည်‌ဟု အဆိုပါအသင်း၏ ဥက္ကဠ ဦးအောင်သန်းဝင်းကပြောသည်။

ရန်ကုန်မော်တော်ကားရောင်းဝယ်ရေး အသင်းကို တရားဝင်အသင်းအဖွဲ့တစ်ခုဖြစ်ရန် ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက စာတင်တောင်းဆိုခဲ့သော်လည်း ခွင့်ပြုခြင်းမရှိဘဲ ယခုမှသာ တရားဝင်အသင်းအဖွဲ့မှတ်ပုံတင်ရရှိခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အသင်းက‌ထောင်‌ထားတာ ၁၉၉၀‌ကျော်‌ကတည်းက။တိုင်းပြည်‌မှာ ‌သဘာ‌ဝ‌ဘေးဖြစ်‌တိုင်း ကျွန်‌‌တော်‌တို့အသင်းက ရွပ်‌ရွပ်‌ချွံချွံပါဝင်‌ခဲ့တာ။ယခင်‌အစိုးရလက်‌ထက်‌က အသိမှတ်‌ပြုမလိုလိုနဲ့ လက်‌မှတ်‌မထုတ်‌‌ပေးခဲ့ဘူး။အခုမှ အသိအမှတ်‌ပြုလက်‌မှတ်‌ရတာပါ”ဟု၎င်းကပြောသည်။

ပြီးခဲ့သည့် ဇွန်‌လ၁ရက်‌‌နေ့မှ စတင်‌ကာယာယီမှတ်‌ပုံတင်‌ရရှိခြင်းဖြစ်ကြောင်းသိရသည်။လက်ရှိ ရန်ကုန်မော်တော်ကားရောင်းဝယ်ရေး အသင်းတွင် အသင်းဝင်‌ တစ်‌‌ထောင်‌‌ကျော်‌ရှိ‌ကြောင်းသိရသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*