ဖမ်းဆီးရမိထားသည့် သင်းခွေချပ်သားအမိကို ထမံသီဘေးမဲ့တောအတွင်း ပြန်လွှတ်ပေး

ဖမ်းဆီးရမိထားသည့် သင်းခွေချပ်သားအမိကို ထမံသီဘေးမဲ့တောအတွင်း ပြန်လွှတ်ပေး
July 19, 2017 Fame Asian

11:20 am
ဖမ်းဆီးရမိထားသည့် သင်းခွေချပ်သားအမိကို ထမံသီဘေးမဲ့တောအတွင်း ပြန်လွှတ်ပေး

ani

ဇူလိုင် ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တဲ့ သင်းခွေချပ်သားအမိ(ရှားပါးမျိုးစိတ်‌) ကို့ ပြန်လည်လွှတ်ပေးလိုက်ပြီလို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS ရဲ့ တာဝန်‌ခံကို‌ကျော်‌မိုး က ပြောပါတယ်။ဒီသင်းခွေချပ် သားအမိကို စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း လင်းဖားကျေးရွာအနီးနားမှာ ကျေးရွာသားတစ်ဦးက ဖမ်းဆီးရမိခဲ့ပြီး လင်းဖားရေချိုလိပ်ထိန်းသိမ်းရေးစခန်းကိုလာရောက်အပ်နှံခဲ့တာဖြစ်ပါတယ်။

သင်းခွေချပ်သားအမိကို ဇူလိုင်‌ ၁၈ရက်‌‌နေ့ညကထမံ‌သီ တောရိုင်းတိရိစ္ဆာန်‌သဘာ‌ဝ‌ဘေးမဲ့‌တောအတွင်းမှာ ပြန်လည်လွှတ်‌‌ပေးလိုက်တာဖြစ်ပါတယ်။”သူကတောထဲကိုမျှစ်‌ချိုးရှာသွားရာက‌နေ‌တွေ့လို့လင်းဖားရေချိုလိပ်ထိန်းသိမ်းရေးစခန်းကိုလာ‌ရောက်‌အပ်‌နှံတာ။လင်းဖား‌လိပ်‌စခန်းကို ကျေးရွာအုပ်‌ချုပ်‌‌ရေးမှူး‌တွေ၊နယ်‌‌မြေစခန်းမှူး‌တွေ‌ခေါ်‌ပြီး သဘာဝ‌တောထဲလွှတ်‌‌ပေးလိုက်‌ပါပြီ”လို့ ကိုကျော်မိုးက ဆိုပါတယ်။သင်း‌ခွေချပ်‌သားအမိဟာ တရုတ်သင်းခွေချပ် မျိုးစိတ်ဖြစ်ပြီး သိပံ္ပလိုအခေါ်အဝေါ်အရတော့ Manis pantadactyla  မျိုးစိတ်ဖြစ်‌တယ်လို့သိရပါတယ်။”အခု‌နောက်‌ပိုင်းမှာ သင်း‌ခွေချပ်‌ကို‌မှောင်‌ခို‌ဈေးကွက်‌မှာ ‌ဈေး‌ကောင်း‌ပေးဝယ်‌သူ‌တွေ‌ကြောင့်‌ ဖမ်းဆီးသူ‌တွေများလာတယ်‌။သူ့‌အ‌ကြေးခွံကိုလိုချင်‌ကြတာ။တစ်နိုင်‌ငံလုံးအ‌နေနဲ့‌ပြောရရင်‌ သင်း‌ခွေချပ်‌‌တွေ နည်းသထက်‌နည်းလာ‌နေပြီ”လို့ သူကဆက်ပြောပါတယ်။

အခုသင်းခွေချပ်ဟာ နို့်တိုက်သတ္တ၀ါအမျိုးအစားဖြစ်ပြီး”၁၉၉၄ ခုနှစ်၊ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ေ၇းနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ” အရ လုံးဝကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန် စာရင်းမှာ ပါဝင်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ သင်းခွေချပ်တွေဟာဆိုရင် တရားမ၀င်ရောင်းဝယ်မှုတွေကြောင့် မျိုးတုန်းမယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ ပညာရှင်တွေက ဆိုထားကြပါတယ်။

သီဟ
Photo Credit – WCS

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*