July 18, 2017
5:18 pm
5:18 pm
ကျောင်းဆင်းလာတဲ့ ငါးတန်းကျောင်းသူ ရေမြောင်းထဲ ပြုတ်ကျ
(မိုးကုတ် ၊ ဇူလိုင် ၁၈)
မိုးကုတ်မြို့မှာ ငါးတန်းကျောင်းသူ တစ်ဦး ရေမြောင်းပေါက်ထဲ ပြုတ်ကျသွားပြီး အခုချိန်ထိ ပြန်ရှာမတွေ့သေးဘူးလို့ မိုးကုတ်မြို့နယ် ရဲစခန်း က တာဝန်ကျ တာဝန်မှူး ရဲအရာရှိက ပေါ်ပြူလာနယူးစ် ကိုပြောပါတယ်။
ဒီကနေ့ နေ့လည်ပိုင်းက မိုးကုတ်မြို့ ၊ အောင်နန်းရပ် မှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်ဟာ ကျောင်းဆင်းလို့ အိမ်ပြန်ချိန် မှာဖြစ်ပွားခဲ့တာလို့ သိရပါ တယ်။
မိုးကုတ်မြို့နယ်ရဲစခန်းက တာဝန်ကျ တာဝန်မှူးရဲအရာရှိက”အခုချိန်ထိတော့ ပြန်ရှာမတွေ့သေးဘူး။
တာဝန်ရှိသူတွေ ဆက်လက်ရှာဖွေနေတုန်းပါပဲ။ ရေမြောင်းပေါက်ထဲ ကျသွားတာ ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
အခင်းဖြစ်ပွားချိန်ဟာ မိုးသည်းထန်နေတဲ့အချိန်ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
YL
Photo Credit – Than Htay Facebook