မန္တလေး အမရပူရမြို့နယ် တောင်သမန်အင်းရေ တာဘောင်ရိုး အထိရေတက်ခဲ့

မန္တလေး အမရပူရမြို့နယ် တောင်သမန်အင်းရေ တာဘောင်ရိုး အထိရေတက်ခဲ့
July 18, 2017 Asian Fame

5:59 pm
မန္တလေး အမရပူရမြို့နယ် တောင်သမန်အင်းရေ တာဘောင်ရိုး အထိရေတက်ခဲ့

20106807_1499390250123252_5986945541725026653_n(မန္တလေး ၊ဇူလိုင် ၁၈)

ဧရာဝတီမြစ်နဲ့ ဒုဌ၀တီမြစ်ရေမြင့်တက် လာတာကြောင့် မန္တလေး အမရပူရမြို့နယ် တောင်သမန် အင်းရေဟာ ဒီနေ့မွန်းလွဲပိုင်း အချိန်က အင်းသွားကား လမ်း တာဘောင်ရိုးအထိရေရောက်ခဲ့ပါတယ်။

ဇူလိုင်လဆန်းပိုင်း ကစလို့ တစ်ရိပ်ရိပ် တိုးလာနေတဲ့ မန္တလေးမြို့ရဲ့ ဧရာဝတီမြစ်ရေ ဟာ ယမန်နေ့မွန်းလွဲ ၄ နာရီကျော်ခန့်မှာတော့ မိုးသည်းစွာ ရွာသွန်းမှု နဲ့အတူ မြစ်ရေပါ တစ်ပါတည်းမြင့်လာတာဟာ မြို့ရဲ့စိုးရိမ်ရေမှတ် ၁၂၆၀ စင်တီမီတာ ရောက်ခါနီး အထိဖြစ်ပေါ် ခဲ့တယ်လို့ မန္တလေး မြိုတော်စည်ပင် သာယာရေးကော်မတီဆီက သိရပါတယ်။

အထူးသဖြင့် ဧရာဝတီမြစ် နဲ့ဒုဌ၀တီမြစ်ရေမြင့်တက် လာမှုကြောင့် တောင်သမန် အင်းရေလည်း မြင့်တက် လာခဲ့ပြီး ဒီနေ့မွန်းလွဲပိုင်း အခြေအနေ အရ မကြာခင်မှာပဲ ဦးပိန်တံတား လုံးဝနစ်မြုပ်မယ့် ပုံစံဖြစ်နေတယ်လို့ ဒေသခံတွေ ကဆိုပါတယ်။

20108583_1499390230123254_2616354901681416429_nဦးပိန် တံတား လုံးဝနစ်မြုပ်တဲ့ အခြေအနေရောက်ရင် အင်းအနီး ၀န်းကျင် ရှိ ရတနာပုံ တက္ကသိုလ် မဟာဂန္ဓာရုံကျောင်းတိုက် အစ ရှိတဲ့နေရာတွေ ရေကြီးရေ လျှံမှုတွေဖြစ်ပေါ်တက်ပြီး ဒီနေ့ညနေ ပိုင်း အချိန်မှာ တောင်သမန် အင်းဇောင်းက မယ်ဇယ်ပင်တွေ ခါးလယ် အထိရေနစ်မြုပ်မှုနဲ့ကြုံတွေ့နေရပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ကတော့ ဒီနေ့ မနက်ပိုင်း ကစလို့ အမရပူရမြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိ သူတွေ ပြည်သူတွေ နဲ့ တောင် သမန် တာဘောင်ရိုး တစ်လျှောက် သဲအိတ်တွေ နဲ့ကြိုတင် ကာကွယ် မှုတွေဆောင် ရွက်နေပြီး ကျေးရွာအုပ်စု ၂၁ အုပ်စု မှ ကျေးရွာတွေကို ဘေးလွတ်ရာရွှေ့ပြောင်းထားတယ်လို့မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူးဦးထွန်းလင်းစိုးကပြောပါတယ်။

အလားတူစွာပဲ အောင်မြေသာစံမြို့နယ် အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေး ရပ်ကွက်တွေကိုလည်း မြစ်ရေ မြင့်တက်နေတဲ့ အတွက် ကြိုတင်ပြင်ဆင် တာတွေ ဆောင်ရွက်ပေးနေတယ် လို့သိရပါတယ်။

မန္တလေးမြို့ရဲ့ဧရာဝတီမြစ်ရေဟာ မြောက်ပိုင်းဒေသ မိုးရွာသွန်းမှု အခြေအနေပေါ် မူတည်ပြီး အားကောင်း ရင်ကောင်း သလောက် မြစ်ရေ မြင့်တက်လေ့ရှိ တာဖြစ်ပြီး အခုရက်ပိုင်းမိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့်လည်း ဧရာဝတီရော ဒုဌ၀တီပါ စိုးရိမ်ဖွယ် အခြေအနေဖြစ်နေတယ်လို့ မိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ မြစ်ရေ အခြေအနေ ခန့်မှန်းထုတ်ပြန်ချက်အရသိရပါတယ်။

မန္တလေးမြို့နဲ့အနီးတစ်ဝိုက်မှာ နောက်ငါးရက်အတွင်း မိုးသည်းထန်စွာရွာသွန်းဦးမှာဖြစ်တယ်လို့ ဒီနေ့(ဇူလိုင် ၁၈ ရက်) ညနေ ၅ နာရီ ၃၀ မိနစ် မိုး/ဇလ ကြေညာချက်အရသိရပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*