မွန်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်အချို့အနားပေးခံရ

မွန်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်အချို့အနားပေးခံရ
July 18, 2017 Asian Fame

3:27 pm
မွန်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်အချို့အနားပေးခံရ

(မော်လမြိုင်၊ ဇူလိုင် ၁၈)

မွန်အမျိုးသား ပါတီ(MNP)ရဲ့ ပါတီထိပ်ပိုင်း ခေါင်းဆောင်အချို့ဟာ ပါတီနဲ့ ကင်းကွာနေတာကြောင့် ပါတီ စည်းမျဉ်းအရ အနားပေး လိုက်တယ် လို့ ပါတီ ဗဟိုကော်မတီဝင် ဦးနိုင်ချစ်ဦး က ပြောပါတယ်။

“ပါတီနဲ့ ကင်းကွာနေတဲ့ အတွက် သူတို့ကို အနားပေးလိုက်တာပါ။ ပါတီရဲ့တာဝန်တွေကို မထမ်းဆောင်ဘူး ဆိုတာထက် ပိုပါတယ်။ အစည်းအဝေးတွေလည်း လာမတက်တာကြာပြီ” လို့ သူက ဆိုပါတယ်။

အခု အနားပေးခံလိုက်ရတဲ့သူ စုစုပေါင်း ၆ ဦးရှိပြီး ဒီအထဲမှာ ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်နှစ်ဦးနှင့် ဗဟိုကော်မတီဝင် လေးဦး တို့ပါဝင်တယ်လို့ သိရပါတယ်။

ပါတီရဲ့ တွဲဖက် အတွင်းရေးမှူး(၁) ဦးနိုင်စိုးမြင့်က “စာနဲ့ဆက်သွယ်လည်း အကြောင်းမပြန်ဘူး။ ဒီတော့ သူတို့က ပါတီစည်းမျဉ်း အရ ပါတီဝင် အဖြစ်ကနေ အလိုလို ပျက်ပြယ်ပြီးဖြစ်နေပါပြီ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကကျင်းပခဲ့တဲ့ မွန်အမျိုးသားပါတီ ဗဟိုအလုပ် အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အခုလို အနားပေးဖို့ ဆုံးဖြတ်လိုက် ရတာဖြစ်တယ်လို့ သိရပါတယ်။

YL ၊ PHA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*