မကွေးတိုင်းတွင် ရေဘေးသင့်သူ သုံးသောင်းဝန်းကျင်ရှိနေ

မကွေးတိုင်းတွင် ရေဘေးသင့်သူ သုံးသောင်းဝန်းကျင်ရှိနေ
July 18, 2017 Asian Fame

11:37 am
မကွေးတိုင်းတွင် ရေဘေးသင့်သူ သုံးသောင်းဝန်းကျင်ရှိနေ

(ရန်‌ကုန်‌၊ ဇူလိုင်‌ ၁၈)

မ‌ကွေးတိုင်းတွင်‌ မိုးသည်းထန်‌စွာ ရွာသွန်းခြင်း‌ကြောင့်‌ ဧရာဝတီမြစ်‌‌ရေ မြင့်‌တက်‌လာပြီး ရေ‌ဘေး ယာယီခိုလှုံ‌ရေး စခန်းများသို့ လာ‌ရောက် နေထိုင်‌ သူ သုံးသောင်း ခန့် ရှိ‌ကြောင်း

လူမှု ဝန်‌ထမ်းကယ်‌ဆယ်‌‌ရေးနှင့်‌ ပြန်‌လည်‌‌နေရာ ချထား‌ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးအာကာကိုကိုကပြောသည်။

“အိမ်‌‌တွေ ပြိုလဲလာ‌တာ‌တော့ မရှိပါဘူး။ ဒါ‌ပေမယ့်‌ ‌နေထိုင်‌ဖို့ မဖြစ်‌နိုင်‌တဲ့ အတွက်‌ ရွှေ့‌ပြောင်း‌နေထိုင်‌သူ‌တွေ များလာတယ်‌။ အစားအစာ နဲ့ အိမ်‌‌ဆောက်‌ ပစ္စည်း‌တွေ‌ထောက်‌ပံ့ဖို့ ကျွန်‌‌တော်‌ တို့ဌာနက လူ‌တွေ သွား‌ရောက်‌‌နေပါတယ်‌။”ဟု ဦးအာကာကိုကို ကပြောသည်။

မ‌ကွေးတိုင်း အတွင်းရှိ ချောက်‌မြို့၊ရေစကြိုမြို့၊ ပခုက္ကူ မြို့၊ မင်းဘူးမြို့ နှင့်‌ ဆိပ်‌ဖြူမြို့တို့တွင်‌ ဧရာဝတီမြစ်‌‌ရေ မြင့်‌တက်‌နေခြင်းဖြစ်‌ပြီး ယာယီ‌ရွှေ့‌ပြောင်း‌နေထိုင်‌‌သော အိမ်‌‌ထောင်‌စု ၇၃၇၅ စုရှိ‌သည်‌ဟု ၎င်းက‌ပြောသည်‌။

မ‌ကွေးတိုင်း အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ် တန်းနှင့် အထက်တန်းကျောင်း စုစု‌ပေါင်း ၁၃၀‌ကျောင်းကို ယာယီ ပိတ်ထားကြောင်း ၎င်းက‌ပြောသည်‌။

ပခုက္ကူ မြို့နယ်‌အတွင်း လူမှု ဝန်‌ထမ်း ကယ်‌ဆယ်‌‌ရေးနှင့်‌ ပြန်‌လည်‌‌ နေရာချထား‌ရေး ဦးစီးဌာနမှ ထူ‌ထောင်‌‌ပေး‌သော ‌ရေ‌ဘေး ကယ်‌ဆယ်‌‌ရေး စခန်း ၁ခုနှင့်‌ မြို့နယ်‌လူထုမှ ထူ‌ထောင်‌‌ထား‌သော ‌ရေ‌ဘေး ကယ်‌ဆယ်‌‌ရေး စခန်း၎ခု စုစု‌ပေါင်း ၅ခု ရှိ‌သော်‌လည်း လုံ‌လောက်‌မှု မရှိသဖြင့်‌ ရပ်‌ရွာ ဘုန်းကြီး‌ကျောင်းများတွင်‌ မှီခို‌နေထိုင်‌ရ သူများရှိ‌ကြောင်း ပခုက္ကူမြို့နယ်‌ မဲဆန္ဒနယ်‌ အမှတ်‌ ၁မှ လွှတ်‌‌တော်‌ ကိုယ်‌စားလှယ်‌ ဦးဟန်‌‌ဇော်‌ဝင်းက‌ပြောသည်‌။

“ပခုက္ကူမြို့နယ်‌က စာသင်‌‌တွေ‌ကျောင်း‌တွေဆို ပိတ်‌ထားရတာ‌တွေ ရှိတယ်‌၊ ကျွန်းရွာ‌တွေ ၊‌ရေလည်‌ရွာ‌တွေဆို ‌ရေ‌တွေဝင်‌လို့ ပိတ်‌ထား တယ်‌။ လူ‌တောင်‌‌ရေ‌ဘေး‌ကြောင့်‌ ‌ရေ‌ဘေး‌ရှောင်‌ စခန်းမှာ‌နေ‌နေရတယ်‌။”ဟု ၎င်းက‌ပြောသည်‌။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*