၁၀ ရက်ကြာထိုင်သပိတ်မှောက်ခဲ့ ကြတဲ့ တောင်သူတွေရဲ့ တောင်းဆိုချက် ကို တိုင်းအစိုးရပယ်ချ

၁၀ ရက်ကြာထိုင်သပိတ်မှောက်ခဲ့ ကြတဲ့ တောင်သူတွေရဲ့ တောင်းဆိုချက် ကို တိုင်းအစိုးရပယ်ချ
July 18, 2017 Asian Fame

2:38 pm
၁၀ ရက်ကြာထိုင်သပိတ်မှောက်ခဲ့ ကြတဲ့ တောင်သူတွေရဲ့ တောင်းဆိုချက် ကို တိုင်းအစိုးရပယ်ချ

20045680_1499252663470344_7062638185888393066_o

မန္တလေး၊ဇူလိုင် ၁၈

မြေယာပြဿနာနောက်ဆက်တွဲအဖြစ် တရားစွဲထောင်ချခံဝရမ်းထုတ်ခံတောင်သူတွေကို ပြန်လွှတ်ပေးဖို့ ၁၀ ရက်ကြာထိုင်သပိတ်မှောက်တောင်းဆိုခဲ့ ကြတဲ့ မြေယာသိမ်းဆည်းခံတောင်သူတွေရဲ့တောင်းဆိုမှုကို ဇူလိုင် ၁၇ ရက်မွန်းလွဲပိုင်းကဒေသအစိုးရကပယ်ချခဲ့ပါတယ်။

“တရားစွဲဆိုထားတဲ့အမှုအခင်းတွေနဲ့ပတ်သက်လို့တော့ ဒီမိုကရေစီနိုင်ငံမှာ တရားရေးမဏ္ဍိုင်ကိုအုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးလို့မရပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့စည်းဝေးပွဲမှာ ဘယ်ဟာကိုဖြေလျှော့လို့ရသလဲ ဆွေးနွေးတိုင်ပင်ပြီးပါပြီ” လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးဒေါက်တာစိုးသန်းကပြောပါတယ်။

အစိုးရအနေနဲ့ တောင်သူတွေရဲ့ဆုံးရှုံးနစ်နာခဲ့ရတဲ့မြေယာ တွေပြန်ပေးနိုင်ဖို့ကိုပဲ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တာ ကြောင့်လည်း လယ်ယာမြေစိစစ်ရေးကော်မတီဖွဲ့စည်းတဲ့အခါမှာ တစ်မြို့နယ်တောင်သူတစ်ဦးဆီထည့်သွင်းပေးသွားမှာ ဖြစ်တယ်လို့လည်း ၀န်ကြီးကဆိုပါတယ်။

“အဲဒီတောင်သူလယ်သမားက လယ်သမားစစ်စစ်ဖြစ်ဖြစ်ရမယ်၊ လယ်ယာလုပ်ကိုင်သူဖြစ်ရမယ်၊ လယ်ယာသိမ်းဆည်းခံတောင်သူမဖြစ်ရဘူး၊ ပါတီတစ်ခုခု ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုမှာ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဦးလုပ်မဖြစ်ရဘူး၊ အထူးသဖြင့်ဒေသခံဖြစ်ရမယ် ဥပမာ ရှမ်းပြည်ကလာပြီးမှာ လယ်ယာလာလုပ်တာဆိုမရဘူး” လို့ ၀န်ကြီးက ပြောပါတယ်။

တောင်သူတွေဘက်ကတော့ အဲဒီတွေ့ဆုံဆွေးနွေးပွဲအပေါ် ကျေနပ်မှုမရှိကြတာကိုတွေ့ရပြီး အဓိကတောင်းဆိုထားတာတွေမရရင်တော့ သပိတ်စခန်း မပိတ်သေးဘူးလို့ပြောကြပါတယ်။
သပိတ်မှောက်တောင်သူတွေဘက်ကတော့ ဒီကိစ္စဟာ သူတို့အဓိကလိုလားတဲ့အချက်ဖြစ်တာကြောင့် တရားစွဲထားတဲ့တောင်သူတွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့တောင်သူတွေကို ပြန်လွှတ်ပေး ဖို့အတွက်ပဲ မရမချင်းတောင်းဆိုသွားမှာဖြစ်တယ်လို့ ပြောနေကြပါတယ်။

“ကျွန်မတို့နံပါတ် ၁ လိုချင်တာက တောင်သူတွေကိုစွဲထားတဲ့အမှုတွေရုတ်သိမ်းပေးဖို့၊ ၀ရမ်းကပ်ခံထားရသူတွေကိုပြန်ရုတ်သိမ်းပေးဖို့ပါ၊ မြေယာကိစ္စ ဆို တာက ဘယ်အချိန်မှရှင်းရှင်း၊ သပိတ်စခန်းကြီးလည်းသိမ်းချင်လို့ အမှုတွဲတွေရုတ်သိမ်းပါလို့အသနားခံတာပါ၊ အဲဒါကိုတော့မရခဲ့ဘူး၊ ဥပဒေအတိုင်း သွားမှာလို့ပဲပြောပါတယ် ကျွန်မတို့ဘက်ကလည်း ကျွန်မတို့အမှုတွေရုတ်သိမ်းပေးဖို့ လူကြီးတွေကဘယ်လိုမှခွင့်မပြုခဲ့ရင် ကျွန်မတို့ကရှေ့ဆက်လုပ်သွားရမှာပါပဲ” လို့ သပိတ်မှောက်တောင်သူဒေါ်ခင်ညိုကဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းက မြေသိမ်းခံတောင်သူ တွေဟာ ဇူလိုင် ၇ ရက်ကစလို့ သူတို့ရဲ့မြေယာပြဿ နာနဲ့ နောက်ဆက်တွဲ ပြဿ နာတွေဖြေရှင်းပေးဖို့ သပိတ်မှောက် တောင်းဆိုခဲ့တာမှာ ဇူလိုင် ၁၇ ရက်မွန်းလွဲ ၂ နာရီခွဲအချိန်မှာတော့ တိုင်းဒေသကြီးအစိုးရက ၄င်းတို့ရုံးခန်းဆီ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

နှစ်ဖက်တွေ့ဆုံပွဲမှာ ဒေသအစိုးရက မြေယာပြဿ နာအပေါ်သာ အစွမ်းကုန်ဖြေရှင်းပေးသွားမှာလို့ ပြောခဲ့တယ်လို့သိရပြီး တရားစွဲခံဝရမ်းထုတ်ခံတောင်သူ တွေပြန်လွှတ်ပေးဖို့ တောင်းဆိုချက်ကိုမလိုက်လျောခဲ့သလို သပိတ်စခန်း ဆက်လက်ဖွင့်ထားရင်လည်း ဥပဒေကြောင်းအရပဲ ဖြေရှင်းသွားမှာဖြစ်တယ်လို့သိရပါတယ်။

“ငြိမ်းစုစီဥပဒေမှာ သပိတ်စခန်းဆိုတာမရှိဘူး၊ ဒါပေမယ့် အစိုးရအဖွဲ့ရဲ့ဆန္ဒအရ တောင်သူတွေရဲ့ခံစားချက်ကိုနားလည်ဖြေလျှော့ပေးတဲ့အနေနဲ့ ဥပဒေနဲ့ မညီတဲ့အကြောင်းကိုတော့ ကျွန်တော်တို့ရှင်းပြပြီးပါပြီ” လို့ ၀န်ကြီးဒေါက်တာစိုးသန်း ကဆိုပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*