အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဈာပန အခမ်းအနားကို မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးခဲ့စဉ်က

အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဈာပန အခမ်းအနားကို မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးခဲ့စဉ်က
July 18, 2017 Asian Fame

12:12 pm
အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဈာပန အခမ်းအနားကို မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးခဲ့စဉ်က

UMyintSoe”အဘ အဲဒီတုန်းက အိုင်မို (Eymo) ကင်မရာ နဲ့ရိုက်ဖြစ်ခဲ့တာ။ လက်ကိုင် ကင်မရာလေးနဲ့ ရိုက်တာ။ အဲဒီ ကင်မရာထဲကို ပေ ၁ဝဝ ဖလင် ထည့်ပြီး ရိုက်ခဲ့တာ။ ဈာပနက ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂျူဗလီ ဟောကနေ အာဇာနည် ဗိမာန်ထိ ကင်မရာ ထမ်းလျှောက်ပြီး တောက် လျှောက်ရိုက်ခဲ့တာ။ အာဇာနည် တွေရဲ့ ရုပ်ကလပ်ကို ရိုက်လိုက်၊ လာ ရောက် ဂါရဝပြုတဲ့ ပရိသတ် အုပ်ထဲ ဝင်ရိုက်လိုက်နဲ့ ရိုက်ခဲ့ရတာ။ ကင်မ ရာထဲထည့်တဲ့ ဖလင်ကလည်း ပေ ၁ဝဝ ပဲရှိတော့ ခဏခဏ လဲလဲပြီး ရိုက်နေ ရတာ” ဟုအားတက် သရော ဖြေကြားပေးသူကတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး၏ နာယကကြီး တစ်ဦးလည်းဖြစ် ၊မြန်မာ့ ရုပ်ရှင် သမိုင်း စဉ် (၁၉၂ဝ-၁၉၄၅)နှင့် ရုပ်ရှင်စာအုပ်များ ပြုစုခဲ့သူလည်း ဖြစ်သည့် ဆရာကြီး ဒဂုန်မြင့်စိုးဖြစ် ပါသည်။

20032075_1491920987518528_5616830960981813356_n‘အာဇာနည်နေ့’ ကျရောက်ခါနီး အခါသမယတွင် တွေ့ဆုံခြင်းဖြစ်၍ ဆရာကြီး အနေ နှင့် ငယ်ရွယ်နုပျိုစဉ် က အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဈာပန အခမ်း အနားသို့ ကိုယ်တိုင်ကိုယ်ကျ သတင်း မှတ်တမ်း ရိုက်ကူးခဲ့ပုံ ကို ရုပ် ရှင် နောက်ကြောင်းပြန် (Flash- back) လို ပြန်လည် မြင်ယောင်နေပုံ လည်းရ၏။

”အဲဒီတုန်းက အဘ အသက်က ငယ်သေးတော့ ဝါသနာ အရ လိုက် ရိုက်ဖြစ်တာ။ အလောင်းတွေ သယ် သွားတာ ကစပြီး ဂူသွင်းတဲ့ အထိ မပင်မပန်းနိုင် ဘဲ ရိုက် ခဲ့တာ။ အဘက ပထမတုန်းက လိုက်ရိုက်ခဲ့တာ ဝါသနာ အရပေမယ့် တကယ် တမ်း ကျတော့ ဒီ ရိုက်ကူးမှု ဟာနိုင်ငံနဲ့ လူမျိုး အရေး နဲ့လည်း ပတ်သက်တော့ စိတ်ထဲ မှာ ဝမ်းနည်းပြီး စိတ်တော့ မကောင်းဘူး။ အဘဘဝ အတွက် အမှတ် တရ၊ နိုင်ငံ တော် အတွက် မှတ်တမ်း ရာဇဝင် သမိုင်းကားကြီး ငါရိုက်ခဲ့ပါလား ဆိုတဲ့အသိက အသက်ကြီးလာလေ ပိုပိုသိလာခဲ့တယ်” ဟု ဆရာကြီး ဒဂုန်ဦးမြင့်စိုးက ဆိုပါသည်။

‘၁၉ ဇူလိုင်၊ မမေ့နိုင်’ ဆိုသလို မြန်မာပြည် တစ်ဝန်းလုံး ကြိမ်မီးအုံး သလိုဖြစ်စဉ်နှင့် ကြုံခဲ့ရသည့် ၁၉၄၇ ခုနှစ်ကာလကအကြောင်း ဆရာကြီး ပြောပြတော့ ကျွန်တော်တို့ပင် မသိ မမီခဲ့ရသော ခေတ်ကာလ ဆီက ထို နေ့ထို အဖြစ်အတွက် ယူကြုံးမရ ဝမ်းနည်း ခံစားကြ ရပါသေးသည်။ ၆၃နှစ် တိုင်ခဲ့ပြီဖြစ်သော အာဇာနည် ခေါင်းဆောင်ကြီး တို့၏ကျဆုံးခဲ့မှု အာဇာနည်နေ့ အတွက် ပြည်သူတို့ မှာ တစ်နှစ် မပြတ် အမှတ်ရ လွမ်း ဆွတ်နေကြဆဲ ဆိုသည်ကတော့ သေချာ၏။ ဆရာကြီး မှာလည်း သူ ပါဝင်ခဲ့သော သမိုင်း မှတ်တမ်း တစ် စိတ် တစ်ဒေသနှင့် စပ်လျဉ်း၍ ဘယ် လာ မေ့ရနိုင်ပါမည်နည်း။

ထိုစဉ်က အာဇာနည်ခေါင်းဆောင်ကြီး များ၏ ဈာပန အခမ်းအနားအား ဂျူဗလီ ဟော အဆောက်အအုံကြီး ၌ ခေတ္တပြင်ဆင် ထားရှိ ခဲ့ပြီး ပြည်သူလူထု ဂါရဝပြုနိုင်ခဲ့ပုံကို ဆရာကြီးဒဂုန်မြင့် စိုးတို့ သမိုင်းမှတ်တမ်း ရုပ်ရှင် ရိုက်ကူး ခဲ့ကြခြင်းဖြစ်သည်။

”အစကတော့ ဝါသနာပါလို့ ရိုက်ခဲ့တာလေ။ ရိုက်ကူးလို့ပြီးသွား ပြီဆိုတာနဲ့ အေဝမ်းရုပ်ရှင်ကုမ္ပဏီမှာ ပဲဖလင်ကူးဆေးတာရော တည်းဖြတ် တာရော ၊ အသံဖမ်းတာရော အကုန် အဘလုပ်ခဲ့တာ” ဟု ရှင်းပြသည်။

20106783_1491920834185210_7099718547605280314_nဤသို့ စွယ်စုံ တတ်ကျွမ်းသော ရုပ်ရှင် အတတ် ပညာရှင်၊ အနုပညာရှင် ဆရာကြီး၏ ငယ်ဘဝ မျိုးချစ်စိတ် အား ကျွန်တော် တို့ပါးစပ် အဟောင်း သားဖြင့် အားကျဖြစ်ခဲ့သည်။ ထိုစဉ် က ဈာပန သတင်း ကားပြသခဲ့ ပုံကို ဆရာကြီး က ပေါ်လွင် ထင်ရှား အောင် ရှင်းပြသေး သည်က…

”ရန်ကုန်မြို့လယ်က ရုပ်ရှင်ရုံ ကြီး ၄ ရုံမှာတစ်နေ့မှာ ၅ ပွဲပြခဲ့ တယ်။ အဲဒီရုံတွေက ခါတိုင်းဆို တနင်္ဂနွေတစ်ရက်ပဲ ၅ ပွဲပြတာ၊ ကျန်တဲ့ ရက်တွေဆို ၄ ပွဲပဲပြခဲ့ပါ တယ်။ အဲဒီမှတ်တမ်းကားပြတဲ့ အချိန် မှာ နေ့တိုင်း ၅ ပွဲပြခဲ့တာ ကတော့ ထူးထူးခြားခြားပါ။ အဲဒီ တုန်းက ကိုယ်တိုင် လည်း သွား ရောက်ကြည့်ရှုပြီး ကိုယ့်ဘာသာ ကိုယ် ဂုဏ်ယူ ကျေနပ်မိတာပေါ့။ အပျော်တမ်း မှတ်တမ်း ရိုက်ကူး ခဲ့ရာ ကနေ မှတ်တမ်း ရာဇဝင် သမိုင်းကား ကြီးဖြစ်ခဲ့လို့လေ” ဟူ၍ဖြစ်၏။

ဆရာကြီး ဒဂုန်မြင့်စိုး၏ ဖခင် အေဝမ်း ဦးတင်နွယ်မှာ မြန်မာ့ ပထမဦးဆုံး ရုပ်ရှင်ပြဇာတ် ဥက္ကဋ္ဌကြီးဖြစ် ပြီး ဆရာကြီး ဒဂုန်မြင့်စိုး ကိုယ်တိုင် မှာလည်းမြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး (ယခင်ရုပ်ရှင်ကောင်စီ)၌ ဥက္ကဋ္ဌတစ်ဦးဖြစ်ခဲ့သည်။

20108456_1491920790851881_2037782662302037934_nအမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် လော့အိန်ဂျယ်လိ (စ်) ကော လိပ် ၌ ဝိဇ္ဇာ(ရုပ်ရှင်)ဘွဲ့ ရယူ ခဲ့ပြီးနောက် ရုပ်ရှင် လုပ်ငန်းညွှန်ကြား ရေးမှူး (ထုတ်လုပ်) အဖြစ်နှင့်မြန်မာ့ ရုပ်ရှင် အကယ်ဒမီ ပေးပွဲ အခမ်း အနားများအား ဦးစီး ဦးဆောင်ပြု စီစဉ် တင်ဆက် ခဲ့သည်မှာ အငြိမ်းစား ယူပြီးချိန် အထိပင်ဖြစ်၏။ မြန်မာ့ ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ် အဖွဲ့ အတွင်းရေးမှူး အဖြစ်လည်း ၁၉၅၆ မှ ၁၉၈၃ ခုနှစ် အထိ ၂၇ နှစ်တိုင်တိုင် တာဝန်ထမ်း ဆောင်ခဲ့သည်။ ရုပ်ရှင် နယ်မြေ မှာ မွေး၊ ရုပ်ရှင်နယ်မြေ မှာ ကြီးပြင်းသော ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်သည်နှင့် အညီ ရုပ်ရှင်လောက အပေါ် လွန်စွာသံ ယောဇဉ် ကြီးသူ လည်းဖြစ်ကြောင်း ကိုတော့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးရှိမြန်မာ့ ရုပ်ရှင် သမိုင်းပြတိုက် အား အမြဲ လိုလို လူအား၊ အကြံ ဥာဏ်အားတွေဖြင့် အကြံပြု အကျိုး ပြုနေဆဲဖြစ်သည်က သက်သေပြလို့ နေပါတော့သည်။

ဈာပနက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂျူဗလီ ဟောကနေ အာဇာနည်ဗိမာန်ထိ ကင်မရာ ထမ်းလျှောက် ပြီး တောက် လျှောက်ရိုက်ခဲ့တာ။ အာဇာနည် တွေရဲ့ ရုပ်ကလပ်ကိုရိုက်လိုက်၊ လာ ရောက်ဂါရဝပြုတဲ့ ပရိသတ်အုပ်ထဲ ဝင်ရိုက်လိုက်နဲ့ ရိုက်ခဲ့ရတာ။

မှတ်ချက် – ဆရာကြီး ဒဂုံမြင့်စိုးနှင့် ပေါ်ပြူလာဂျာနယ်တို့ တွေ့ဆုံခဲ့ခြင်းအား အမှတ်တရ အဖြစ် ပြန် လည်ဖေါ်ပြခြင်းဖြစ် ပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*