ကရင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲ

ကရင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲ
July 17, 2017 Asian Fame

2:59 pm
ကရင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲ

(ရန်ကုန်၊ ဇူလိုင် ၁၇)

ကရင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးပြုံးချို အပါအ၀င် အရာရှိ အချို့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားလို ပြုလုပ်ပြီး တရားစွဲ အမှုဖွင့်ထားတယ် လို့ ကော်မရှင်ပြောရေးဆိုခွင့် ရှိသူ ဦးသင်းမောင်က ပေါ်ပြူလာနယူးစ် ကို ဒီကနေ့နေ့လည်ပိုင်း မှာ အတည်ပြုပြောပါတယ်။

လက်ရှိမှာတော့ စစ်ဆေးရေး အဖွဲ့တွေက ရန်ကုန်ကိုဆင်းလာပြီး စစ်ဆေးနေတယ်လို့ သူကဆိုပါတယ်။ “မြေယာပြန်ပေးတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ပါ” လို့ သူကပြောပါတယ်။

တိုင်ကြားစာအရ အခုလိုဆောင်ရွက် ရတာဖြစ်ပြီး တိုင်ကြားစာ ထဲမှာပါတဲ့ ငွေကြေး ပမာဏဟာ တော်တော် များပြားတယ်လို့ ဦးသင်းမောင် က ပြောပြပါတယ်။

ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးတေဇထွဋ်လှိုင်ထွေး က အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးပြုံးချိုဟာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ရဲ့ အစစ်ဆေးကို လက်ရှိမှာ ခံနေရတယ် လို့ ဒီကနေ့ နေ့လည်ပိုင်း ကပဲ အတည်ပြုပြောဆို ထားပါတယ်။
ဦးပြုံးချို နဲ့အတူ အစစ်ဆေးခံနေရတဲ့ သူတွေရှိတယ် ဆိုတာကိုကြားပေမယ့် ဘယ်သူဘယ်ဝါတွေ ပါမှန်း သူမသိဘူးလို့ ဦးတေဇထွဋ်လှိုင်ထွေး ကဆက်ပြောပါတယ်။

“ကျွန်တော်တို့ ကရင်ပြည်နယ် အစိုးရ အဖွဲ့ကို သူရောက်လာတာ ၃ လလောက်ပဲ ရှိသေးတယ်။ ဒီကာလတွေမှာ သူဟာ ကျွန်တော်တို့နဲ့ ပူးပေါင်းမှုတော်တော် လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆီမှာ ရှိနေစဉ် ဘာပြဿနာမှ မရှိခဲ့ဘူး” လို့ ၀န်ကြီးက ဆိုပါတယ်။

ဦးပြုံးချိုဟာ ပြည်ထဲရေး ၀န်ကြီးဌာနမှာ ဒုတိယအမြဲတန်း အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ချင်းပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး အဖြစ် လည်းပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။
အခု လက်ရှိ တာဝန် ထမ်းဆောင်နေတာကတော့ ကရင်ပြည်နယ် အစိုးရအဖွဲ့မှာဖြစ်ပါတယ်။

ကရင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့် ရှိသူကတော့ အရင်တုန်းက ကိစ္စတွေဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။

မင်းသုအောင်၊ P News

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*