မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်ဧရိယာ ထပ်ချဲ့ဖို့ မျှော်လင့်နေ

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်ဧရိယာ ထပ်ချဲ့ဖို့ မျှော်လင့်နေ
July 17, 2017 Asian Fame

11:05 am
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်ဧရိယာ ထပ်ချဲ့ဖို့ မျှော်လင့်နေ
Muse(လားရှိုး၊ ဇူလိုင် ၁၇)

နယ်စပ်ကုန်သွယ်မှု ကဏ္ဍတွင် အများဆုံးဖြစ်နေသည့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် အတွင်း နေစဉ် ဝင်ထွက်နေသည့် ကုန်ကား အစီးရေနှင့် ဇုန်ဧရိယာ မမျှမတ ဖြစ်နေပြီး ကြန့်ကြာမှု များဖြစ်ပေါ်နေသည့် အတွက် ဇုန်ဧရိယာ ချဲ့ပေးနိုင်ရန် မူဆယ်ရှိ ကုန်သည်များ ကမျှော်လင့်နေကြသည်။

“ဇုန်က စလုပ်စဉ်က ကားအစီးရေ (၁၀၀)နဲ့(၁၅၀)ဝန်းကျင် အတွက် ဘဲရည်ရွယ်ခဲ့တာ၊ အခုက နေ့စဉ် ကားအစီးရေ (၁၀၀၀)လောက်ရှိနေ တယ်၊ ဖရဲသခွားပေါ်ချိန်ဆို အစီးရေက (၂၀၀၀)လောက်အထိ ထိုးတတ်သွားတော့ အကုန် ကြပ်ညပ်ပြီး (၃/၄)ည ကြာကုန်တယ်၊ ဒါကြောင့် ဇုန်နေရာ ထပ်ချဲ့ဖို့ လိုနေပါတယ်”ဟု မူဆယ် နန့်ခမ်းကုန်သည်ကြီးများ အသင်းအတွင်းရေးမှူး ဦးထွန်းဦးက ဆိုသည်။

လက်ရှိမူဆယ် ကုန်သွယ်ရေးဇုန်သည် တစ်ရက်လျှင် ကန်ဒေါ်လာ(၈)သန်း မှ(၁၀)ကြား ကုန်သွယ်မှု ပြုလုပ်လျက် ရှိနေသည်။ ပြည်နယ် အစိုးရမှ မူဆယ် ကုန်သွယ်ရေးဇုန် ကို ပို့ကုန်စစ်/သွင်းကုန် စစ် ဟူ၍နှစ်နေရာ ခွဲပြီး ကုန်သွယ်မှု လျှင်မြန်စေရန် ဆောင်ရွက် သွားမည် ဟုစီစဉ်နေကြောင်း သိရသည်။

ဇုန်ဧရိယာ တစ်ခုထဲအတွင်းတွင် ပို့ကုန်နှင့်သွင်းကုန် ကားများအားလုံး စုဝေးစစ်ဆေးနေရသည့် အတွက်ကြန့်ကြာမှုများဖြစ်နေတာကြောင့် ယခုကဲ့သို့ မြေနေရာအသစ်တွင် ခွဲခြားစစ်ဆေးဆောင်ရွက်သွားရန် အစီအစဉ်များရေးဆွဲနေကြောင်းသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*