July 14, 2017
1:30 pm
1:30 pm
ရေပူစစ်ဆေးရေးဂိတ် ဖမ်းမိပစ္စည်းများ၏ (၃၀) ရာခိုင်နှုန်းကို တာဝန်ကျဝန်ထမ်းများအား ဆုကြေးအဖြစ်ချီးမြှင့်ရန်စီစဉ်နေ
မူဆယ်၊ ဇူလိုင် ၁၄
လာရှိုး၊ သန္နီကားလမ်းမပေါ်ရှိရေပူစစ်ဆေးရေးဂိတ်ကို စတင်ဖွင့်လှစ်ခဲ့ချိန်မှ (၆) လအတွင်း ဖမ်းဆီးရမိသည့် ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း(၇၀၀၀)ကျော်အထိရှိခဲ့ပြီး (၃၀)ရာခိုင်နှုန်းအား စခန်းတာဝန်ကျဝန်ထမ်းများအားလုံးကို ဆုကြေးအဖြစ်ချီးမြှင့်သွားရန်စီစဉ်နေကြောင်း ရေပူစစ်ဆေးရေးစခန်းမှသိရသည်။
“ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကိုက ခန့်မှန်းတန်ဖ်ုးဖြတ်ထားတာပါ၊ကျောက်စိမ်းတွေဘာတွေကျတော့ ခန့်မှန်းရတာမတူနိုင်ပါဘူး၊ဒါကကျောက်သမားတွေပဲသိနိုင်တာလေ၊ခုဟာက ခန့်မှန်းတန်ဖိုးအပေါ်မှာ (၃၀)ရာခိုင်နှုန်းဂုဏ်ပြုဆုချီးမြှင့်တာပါ”ဟုရေပူစစ်ဆေးရေးဂိတ်အဖွဲ့ခေါင်းဆောင် ဦးတတ်ထွန်းအောင်ကဆိုသည်။
ရေပူစစ်ဆေးရေးဂိတ်တွင် အကောက်ခွန်၊စီးပွားကူးသန်းဝန်ကြီးဌာနများအပါအဝင်အဖွဲ့(၁၂)ဖွဲ့ရှိပြီးဝန်ထမ်းအင်အား(၈၀)ကျော်ရှိကြောင်းသိရသည်။
အောင်ပြည့်စုံ