ရေကန်ထဲ ပိုးသတ်ဆေးခတ် ပေးမယ်ပြောပြီး အိမ်ထဲဝင် ဓါးထောက် လုယက်မှု တောင်ဥက္ကလာ တွင်ဖြစ်ပွား

ရေကန်ထဲ ပိုးသတ်ဆေးခတ် ပေးမယ်ပြောပြီး အိမ်ထဲဝင် ဓါးထောက် လုယက်မှု တောင်ဥက္ကလာ တွင်ဖြစ်ပွား
July 14, 2017 Asian Fame

4:46 pm
ရေကန်ထဲ ပိုးသတ်ဆေးခတ် ပေးမယ်ပြောပြီး အိမ်ထဲဝင် ဓါးထောက် လုယက်မှု တောင်ဥက္ကလာ တွင်ဖြစ်ပွား

(ရန်ကုန်၊ ဇူလိုင် ၁၄)

ရေကန်ထဲ ပိုးသတ်ဆေးခတ်ပေးမယ် လို့ပြောပြီး အိမ်ထဲဝင် ဓါးထောက် လုယက်မှု တစ်ခု ဒီကနေ့ နေ့လည် ၂နာရီလောက် တောင် ဥက္ကလာပမြို့နယ် မှာ ဖြစ်ပွားခဲ့ပါတယ်။

တောင်ဥက္ကလာ ၁၂ရပ်ကွက် ဘရဏီ ၁လမ်း (အောက်လမ်း) အိမ်အမှတ် ၄၁/က မှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်မှာ အိမ်ရှင်ဒေါ်နွယ်နွယ်အေး ဟာ နေအိမ်မှာ တစ်ယောက်တည်းရှိနေစဉ် အမျိုးသမီး တစ်ဦးက ပိုးသတ်ဆေးခပ်ပေးမယ် လို့ ပြောပြီး အိမ်ထဲဝင် ပြစ်မှု ကျူးလွန်ခဲ့တာ လို့ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က နေသိရပါတယ်။

“သူက ပုံမှားရိုက်ချင်တော့ စည်ပင်ဝတ်စုံနဲ့ ပုံစံတူတာမျိုးရွေးဝတ် သွားတဲ့ပုံပါပဲ။ စည်ပင်ဝတ်စုံက လည်းသူ သတ်မှတ်ထားတဲ့ အရောင် ရှိပါတယ်” လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အရာရှိကြီး တစ်ဦးက ပြောပါတယ်။

ကာယကံရှင်ဖြစ်သူ ဒေါ်နွယ်နွယ်အေး က အော်ဟစ် အကူအညီတောင်းတာကြောင့် ပတ်ဝန်းကျင် ကသိပြီး ၀ိုင်းဖမ်းလိုက်ကြလို့ တရားခံ ကို အခင်းဖြစ်နေရာမှာပဲ ဖမ်းဆီးရမိခဲ့တယ် လို့သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*