ကျောင်းမှတ်ပုံတင်မရှိဘဲ ဖွင့်တဲ့ သာကေတ က ကိုယ်ပိုင်ကျောင်းတစ်ကျောင်းကို အရေးယူပေးဖို့ ရဲထံ တိုင်းပညာရေးမှူးတိုင်ကြား

ကျောင်းမှတ်ပုံတင်မရှိဘဲ ဖွင့်တဲ့ သာကေတ က ကိုယ်ပိုင်ကျောင်းတစ်ကျောင်းကို အရေးယူပေးဖို့ ရဲထံ တိုင်းပညာရေးမှူးတိုင်ကြား
July 14, 2017 Asian Fame

6:41 pm
ကျောင်းမှတ်ပုံတင်မရှိဘဲ ဖွင့်တဲ့ သာကေတ က ကိုယ်ပိုင်ကျောင်းတစ်ကျောင်းကို အရေးယူပေးဖို့ ရဲထံ တိုင်းပညာရေးမှူးတိုင်ကြား

ရန်ကုန်၊ ဇူလိုင် ၁၄

ရန်ကုန်၊ သာကေတ ရှူခင်းသာမြို့ပတ်လမ်းနားမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းကို ဥပဒေနဲ့အညီအရေးယူပေးဖို့ တိုင်းဒေသကြီးပညာရေးခေတ္တညွှန်ချုပ်က ရဲထံတရားလိုပြုလုပ်ပြီးယမန်နေ့က တိုင်ကြားထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။

သာကေတနယ်မြေရဲစခန်းက ပညာရေးခေတ္တညွှန်ချုပ်ရဲ့ တိုင်ကြားမှုကိုလက်ခံခဲ့ပြီး ၂၀၁၁ ခုနှစ် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ ပုဒ်မ ၃၃ နဲ့ အဲ့ဒီကျောင်းက တာဝန်ရှိသူတွေကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အဲ့ဒီကျောင်းဟာ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်မရှိဘဲ တည်ထောင်ဖွင့်လှစ်ထားတဲ့ကျောင်းတစ်ကျောင်းလို့ တရားလိုက ရဲထံ ထွက်ဆိုထားပါတယ်။

တရားလိုနဲ့အတူ ပညာရေးဌာနက တာဝန်ရှိသူတွေ ၊ ပြီးတော့ သာကေတ အုပ်ချု့ပ်ရေးမှူး တို့ဟာ ဇူလိုင် ၁၂ ရက်နေ့က အဲ့ဒီကျောင်းကို ၀င်ရောက်စစ်ဆေးခဲ့ကြပါတယ်။

စစ်ဆေးစဉ် မြန်မာစာဘာသာရပ်ကိုလည်း သင်ကြားလျက်ရှိနေတာကို တွေ့ခဲ့ရတယ်လို့ တရားလိုက ဆိုထားပါတယ်။

အခုလိုအမှုဖွင့်လိုက်တာဟာ ပညာရေးဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုမိန့် ပါပြီးဖြစ်တယ်လို့သိရပါတယ်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*