1:44 pm
(နေပြည်တော်၊ ဇူလိုင် ၁၄)
ကုမ္ပဏီ လိုင်စင်ဖြင့် လုပ်ငန်းသုံးမော်တော် ယာဉ်တင်သွင်းခွင့်ကို ကန်သတ် လိုက်ပြီးနောက် ကုမ္ပဏီ အသစ်များ ဖွင့်လှစ်ပြီး လုပ်ငန်းသုံး ကားများ ကိုလျှောက်ထားနေကြ သည့် အတွက် စိစစ်များများ ပြုလုပ်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“တစ်တန်အောက်ကားတွေကို ကုမ္ပဏီတစ်ခုတစ်လ တစ်စီးနှုန်း သတ်မှတ်လိုက်တော့ ကုမ္ပဏီ အသစ်တွေ စုပြုံထောင်ကြ ကားတွေလျှောက် ကြပါတယ်။ ပြီးရင် တစ်ကယ်သုံးဖို့ မဟုတ်ဘဲ ပါမစ်တွေပြန်ရောင်းကြဖို့လုပ်ကြတာပါ။ ဒါကြောင့် အမှန်တကယ် လိုအပ် လို့လျှောက်တဲ့ ကုမ္ပဏီဟုတ်မဟုတ်ကို စီစစ်ဖို့ လုပ်နေပါတယ်။”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ အကြီးတန်း အရာရှိတစ်ဦးကဆိုသည်။
လတ်တလောဈေးကွက် အတွင်းတွင် တစ်တန်အောက် မီနီထရပ်ကား များ၏ စလစ်ဈေးမှာ ကျပ်ခြောက်သိန်း မှရှစ်သိန်းဝန်းကျင် အထိ ရှိနေသည်။ ထိုကြောင့် ကုမ္ပဏီ အသစ်များကို တည်ထောင်ပြီး ကားတင်သွင်းခွင့်ပါမစ် များလျှောက်ထား ကာ ပြန်လည်ရောင်း စားနေကြ သည်။
အောင်ပြည့်စုံ