တပ်မတော်ယာဉ်တန်း ကားတစ်စီးချောက်ထဲကျ၊ ၃ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ ခဲ့၊

တပ်မတော်ယာဉ်တန်း ကားတစ်စီးချောက်ထဲကျ၊ ၃ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ ခဲ့၊
July 14, 2017 Asian Fame

12:18 pm
တပ်မတော်ယာဉ်တန်း ကားတစ်စီးချောက်ထဲကျ၊ ၃ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ ခဲ့၊

armycar(ကျိုင်းတုံ ၊ ဇူလိုင် ၁၄)

မနေ့ ကျိုင်းတုံ (ယန်းခရွာ)နားမှာဖြစ်ပွားခဲ့တဲ့ တပ်မတော်ယာဉ်တန်းက ကားတစ်စီးချောက်ထဲကျမှု မှာ တပ်မတော်သား ၃ဦး သေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။

ကျိုင်းတုံ- တာချီလိတ်ပြည်ထောင်စုလမ်းပေါ် ယန်းခရွာနားမှာ ဇူလိုင် ၁၃ ရက်နေ့ နေ့လည်ပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ကားပေါ်မှာ ဗိုလ်မှူးတစ်ဦးပါတယ်။ သူကဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ အမှုဖွင့်ပြီး တပ်ဘက်ကို လွှဲပေးရမယ်။ သူတို့ဘက်က စစ်ဘက်ဥပဒေနဲ့အရေးယူလိမ့်မယ်။ယာဉ်မောင်းကိုအမှုဖွင့်ရမှာပါ” လို့ အဆိုပါရဲအရာရှိကြီးကပြောပါတယ်။

ဖြစ်စဉ်ကြောင့် တပ်ကြပ် ၂ ဦးနဲ့ တပ်သား ၁ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရဲလွင်

Photo Cerdit ‎Ko Saw Naing

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*