ဆက်သွယ်ရေး ဥပဒေကို ပြင်​ဆင်​တဲ့ ဥပ​ဒေ အတည်ပြုရေး ကိစ္စ အပြောင်းအလဲ ရှိ/ မရှိ လက်ရှိ ပြောနိုင်သေးကြောင်း ပို့​/ဆက်​ ဒုဝန်​ကြီးဆို

ဆက်သွယ်ရေး ဥပဒေကို ပြင်​ဆင်​တဲ့ ဥပ​ဒေ အတည်ပြုရေး ကိစ္စ အပြောင်းအလဲ ရှိ/ မရှိ လက်ရှိ ပြောနိုင်သေးကြောင်း ပို့​/ဆက်​ ဒုဝန်​ကြီးဆို
July 13, 2017 Asian Fame

3:51 pm
ဆက်သွယ်ရေး ဥပဒေကို ပြင်​ဆင်​တဲ့ ဥပ​ဒေ အတည်ပြုရေး ကိစ္စ အပြောင်းအလဲ ရှိ/ မရှိ လက်ရှိ ပြောနိုင်သေးကြောင်း ပို့​/ဆက်​ ဒုဝန်​ကြီးဆို

IMG_8877(နေပြည်တော် ၊ ဇူလိုင် ၁၃)

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအတည်ပြုနိုင်ရေးကိစ္စမှာ လွှတ်တော်ရဲ့ ဆွေးနွေး ဆုံး ဖြတ်ချက် အပေါ်တွင် မူတည်နေပြီး အပြောင်းအလဲ ရှိနိုင်၊ မရှိနိုင်ဆိုသည့် အချက်ကို လက်ရှိ အချိန်မှာပြောနိုင်သေးဘူးလို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဒုဝန်ကြီးက ဆက်သွယ်ရေး ဥပဒေတင်သွင်းစဉ်မှာ ပြောကြားခဲ့တာပါ။

ဒီဥပဒေကြမ်းကို ဒုဝန်ကြီး ဦးကျော်မျိုး က အမျိုးသားလွှတ်တော် ကို တင်သွင်းရာမှာ တရားစီရင်ရေးနယ်ပယ်မှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ပတ်သတ်ပြီး

“အခုအဆိုတင်တာ သည် ၆၆(ဃ) ကို ဖျက်တာမဟုတ်ဘူး။ ဒါပေမယ့် တရားစွဲ၊ အာမခံပေးနိုင် အောင် အတွက်တရားစွဲဆိုခံ ရတဲ့သူက မတရားစွဲဆို ခံရတာဖြစ်တဲ့အခါကျ သူ့မှာ ထုချေပိုင်ခွင့် လွတ်လွတ်လပ် လပ်အာမခံလုပ် နိုင်ဖို့အတွက်ရည်ရွယ်တာပေါ့။ နဂိုမူလ ရည်ရွယ်ချက် က အကာအကွယ်ပေးဖို့ပဲ၊ မတ ရားအသေရေဖျက်မှု ဥပ ဒေတွေ ဘာတွေကို အကာအကွယ်ပေးဖို့ လုပ်တာ၊ ဒါပေမယ့် ဒီဘက်ပိုင်းမှာ တဖြည်းဖြည်းတော်တော်လေး များလာပြီးတော့ အများပြည်သူတွေကလည်း ဒီဟာအပေါ် အာရုံ စိုက် ပြီးပြောဆို လာတဲ့အခြား အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက အစ ပြောဆိုလာတဲ့အတွက် ဒီလို အဆိုတင်သွင်း ရတာဖြစ်တယ်။ ရဲအရေးပိုင် တဲ့ အမှုအဖြစ် သတ်မှတ်တာတော့ နဂိုဥပဒေမှာလည်းပါ တယ်၊ အခုလည်းဆက်ပြီးထားထားတယ်။ ဒီဟာက ရာဇသတ် ကြီးထဲ မှာလည်း ပါတယ်။ အသရေဖျက် မှုက ပါပြီးသားဖြစ်တယ်။ဖမ်းဆီးအချုပ်ခံရမှာကြောက်တယ်ဆိုပေမယ့် အခု အဆိုပြုတဲ့ ပြင်ဆင် ချက်ထဲ မှာ တရားစွဲ၊ တရားစွဲပေမယ့် တရားသူကြီးက အာမခံပေးနိုင်အောင်လို့ အဆိုပြုထားတယ်။ အာမခံပေး တယ် ဆိုကတည်း ကသူ့မှာလွတ်လွတ်လပ်လပ် အချုပ်လွတ် ထုချေပိုင်ခွင့် ရှိသွားမှာဖြစ်တယ်။ ဒီဟာက လည်းဥပဒေ တစ်ရပ် ကို ပြင်တယ် ဆိုတာ ဗြုန်းစားကြီး ။ အများပြည်သူ ရဲ့သဘောထား ကိုလည်း အလေး ထားရတယ်၊ဒါပေမယ့် နှစ်ဖက်ပေါ့ ။အလေးထား သလို အကာအကွယ်ပေးတဲ့ ဟာလည်း ပျောက်မ သွား အောင် ချင့်ချိန်ပြီးတော့ လုပ်ရတာပေါ့။ ဒါပေမယ့်နောက်ဆုံး လွှတ်တော်ရဲ့ ဆွေးနွေး ချက် တွေအ ပေါ် မူတည်ပြီး ဘယ်လို အပြောင်းအလဲရှိမယ်ဆိုတာ မပြောနိုင်သေးဘူး” လို့ ဆိုပါတယ်။

ဆက်သွယ်ရေးဥပဒေ ကိုပြင်ဆင်တဲ့ ဥပဒေတင်သွင်းခြင်းရည်ရွယ်ချက်မှာအချက် ၅ ချက်ရှိပြီး ယင်းတို့မှာ – ဆက်သွယ်ရေးကွန်ရက်ကို အလွဲသုံးစားပြုနေသူများအား စစ်ဆေးအရေးယူရာတွင် စွပ်စွဲခံရသူအနေနဲ့ ဖြေရှင်းထုချေရာမှာ အခွင့်အရေးအပြည့်အ၀ ရရှိစေရန် ၊ အသေရေဖျက်မှုတွင် နစ်နာသူကိုယ်တိုင်နဲ့ ကိုယ်စားလှယ် လွှဲ အပ်ခြင်းခံရသူမဟုတ်ပဲ တိုင်တန်း တရားစွဲ ဆိုနေ ခြင်းကို တားဆီးနိုင်ရန် ၊ဆက်သွယ်ရေး ဥပဒေပါ ပြဌာန်းချက် များဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များ အတွက် တရားစွဲ ရာတွင် ၀န်ကြီးဌာန ရဲ့ သဘော ထားမှတ်ချက်ကို တောင်းခံရန် မလိုအပ်တော့ သဖြင့် နှောင့်နှေးကြံ့ကြာမှု မရှိဘဲ အရေးယူဆောင်ရွက်နိုင်ရန်၊ရာဇသတ်ကြီး ဥပဒေတွင် ပါဝင်ပြီး ဖြစ်သော အဓိပ္ပါယ် တိတိကျကျ သတ်မှတ်ဖော်ပြနိုင်သော ပြဌာန်းချက် အချို့ကို ပယ်ဖျက်နိုင်ရန် တရားဥပဒေတစ်ရပ်၏ အင်္ဂါ ရပ် များနဲ့ ညီညွတ်စေရန်၊ ဆက်သွယ်ရေးဝန်ဆောင်မှု ပေးခြင်းနဲ့ အသုံးပြုခြင်းတို့နဲ့သာ သက်ဆိုင်တဲ့ ကိစ္စရပ်များနဲ့ စပ်လျဉ်း တဲ့ ပြစ်မှုများ ကို ဆက်သွယ်ရေး ဥပဒေဘောင်အတွင်းမှ ထိရောက်စွာ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နိုင်ရန် တို့ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ က အစီရင်ခံစာကိုဖတ်ကြားခဲ့ပါတယ်။

ဒီဥပဒေကြမ်း ကို အမျိုးသားလွှတ်တော် မှာ ဆွေးနွေး သွားမှာဖြစ်ြ့ပီး ဆွေးနွေး လိုတဲ့ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ အမည် စာရင်းပေးသွင်းဖို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းက ကြေငြာခဲ့ပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*