စစ်ကိုင်းတွင် ရေဘေးသင့်သူ ၁၇၀၀၀ ကျော်ရှိလာ

စစ်ကိုင်းတွင် ရေဘေးသင့်သူ ၁၇၀၀၀ ကျော်ရှိလာ
July 13, 2017 Asian Fame

2:07 pm
စစ်ကိုင်းတွင် ရေဘေးသင့်သူ ၁၇၀၀၀ ကျော်ရှိလာ
IMG_1815

ဓါတ်ပုံ – Popular News

(ရန်ကုန်၊ ဇူလိုင် ၁၃)

စစ်ကိုင်းတိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့် လူဦးရေ ၁၇၀၀၀ ကျော်က ကယ်ဆယ်ရေး စခန်းများ တွင် နေ ထိုင်နေရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ချင်းတွင်းမြစ်ရေမြင့်တက်နေမှုကြောင့် ဇူလိုင် ၂ ရက်မှ စတင်ရေဘေး ရင်ဆိုင်နေ ရပြီး ဇူလိုင် ၁၃ရက်အထိ စာရင်းများအရ ရေစီးနှင့်မျောပါသော အိမ် ၄၄လုံး၊ ပြောင်းရွှေ့အိမ် ၃၆၈၇အိမ်၊ ရေဘေးသင့် အိမ်ထောင်စု ၃၇၄၃စုနှင့် ရေဘေးဒုက္ခသည် ၁၇၃၄၉ဦးရှိကြောင်း လူမှုဝန်‌ထမ်း ကယ်‌ဆယ်‌‌ရေးနှင့်‌ ပြန်‌လည်‌‌နေရာချထား‌ရေး ဦးစီးဌာန မှ ဦးစီးမှူး ဦးအာကာကိုကိုကပြောသည်။

“စစ်ကိုင်းတိုင်းရဲ့ ဟုမ္မလင်းမြို့၊ ခန္ဓီး၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေးဝ၊ မင်းကင်း ၊မုံရွာ၊ မိုပိုင်းလော့မြို့တွေမှာ ရေကြီးနေတာပါ။ ဆရာတို့ အနေ နဲ့ ထောက်ပ့မှုတွေ လုပ်နေပါတယ်။ ဇူလိုင် ၁၀ ရက်က ခန္ဓီးမြို့မှာရေကြီးလို့ အရေးပေါ် ပစ္စည်းရွှေ့ပြောင်းရာ က နောက်ပြန်လဲပြီး ရေထဲပြုတ်ကျ ဒဏ်ရာရသေဆုံးသွားတဲ့ အမျိုးသားရဲ့ မိသားစုကိုလဲ သုံးသိန်းထောက်ပံ့ ပေးထားတယ်။”ဟု ဦးအာကာကိုကို ကပြောသည်။

အလားတူ မကွေးတိုင်း ၊မြေနုကျေးရွာတွင် လည်းရေကြီးမှုကြောင့် အိမ်ထောင်စု ၆၆စုနှင့် နေအိမ် ၆၆လုံးပြောင်းရွှေ့ထား ကာ ရေဘေး သင့် လူဦးရေ ၂၁၇ဦး အား ကယ်ဆယ်ရေး စခန်းများတွင် နေရာချထားပြီး ချင်းပြည်နယ် တာဇံမြို့တွင် အမျိုးသားတစ်ဦး မှန်လုံချောင်း ကို ဖြတ်ကူးရာမှ ရေစီးနှင့် မျောပါ သေဆုံးသွားကြောင်း ၎င်းကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ချင်းတွင်း မြစ်ရေမြင့်တက် မှုကြောင့် ရေ ကြီးနေသဖြင့် ရေဘေး ဒုက္ခသည်များ အား လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ ဆန် ၊အိမ်ဆောက်ပစ္စည်းများ၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့်၄၇၆၅၂၁၂၆ကျပ် ထောက်ပံ့ကူညီပေးလျက်ရှိသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*