၇ တန်း​ကျောင်းသူကို ဓားနဲ့ ၁၈ချက်​ထိုးသတ်​သူတွေ မိပြီ

၇ တန်း​ကျောင်းသူကို ဓားနဲ့ ၁၈ချက်​ထိုးသတ်​သူတွေ မိပြီ
July 13, 2017 Asian Fame

1:21 pm
၇ တန်း​ကျောင်းသူကို ဓားနဲ့ ၁၈ချက်​ထိုးသတ်​သူတွေ မိပြီ

(ရန်ကုန်၊ဇူလိုင် ၁၃)

ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှ ၇တန်းကျောင်းသူ အား လယ်တဲ၌ တစ်ဦးထဲ ရှိနေစဉ်လူ ၃ ယောက်မှ မသေမချင်း ဓားဖြင့် ၁၈ချက်ထိုးသတ် ခဲ့မှု ဇူလိုင် ၁၁ရက်နေ့ ကဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မြင့်ဦး ကပြောသည်။

“အွန်လိုင်းမှာ ပျံ့နှံ့နေသလို မုဒိန်းကျင့်မှု မပါပါဘူး။ ဆရာဝန် ဆေးစစ်ချက်ရော၊ အခင်းဖြစ်နေရာမှာ စစ်ဆေးချက် အရရော မုဒိန်းမှုနဲ့ ပက်သက်တာ မတွေ့ရပါဘူး။”ဟု ၎င်းကပြောသည်။

ဖြစ်စဉ်မှာ သေဆုံးသူ၏ ဖခင် တောထဲသို့ မျှစ်ချိုးသွားရာမှ အော်သံကြား၍ ပြေးကြည့်ရာ သေဆုံးသူအား ဓားဒဏ်ရာ များဖြင့် လဲကျသေ ဆုံးနေခြင်းဖြစ်သည်။

လူသတ် တရားခံများကို နန့်ယားတခွင်မှ ပြည်သူ့စစ်များ၊ ကားမိုင်းရဲ များဖြင့် ပူးပေါင်း၍ လိုက်လံ ဖမ်းဆီးရာ ဇူလိုင် ၁၂ရက်နေ့ညနေပိုင်း တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ပုဒ်မ ၃၀၂/၁၁၄ဖြင့် စွဲချက်တင် စစ်ဆေး အရေးယူလျက်ရှိသည်။

“လတ်တလော စစ်ချက်တွေ အရ တရားခံ၃ဦးထဲက ဆံရှည် ဆိုတဲ့သူဟာ သေဆုံးသူကို လွန်ခဲ့တဲ့နှစ်လက ရည်းစား စကားပြောဖူးတယ်။သေဆုံးသူက ဆဲရေးဆိုပြီး ငြင်းတဲ့အတွက် အငြိုး နဲ့သတ်ဖြတ်ကြောင်း စစ်ဆေးတွေ့ရတယ်။ လောလောဆယ်တော့ အတိအကျ မပြောနိုင်သေးဖူး စစ်ဆေးဆဲပါ”ဟု ဒုရဲမှူး မြင့်ဦးကပြောသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*