4:19 pm


Photo – KWH
(ရန်ကုန်၊ဇူလိုင် ၁၃)
ယနေ့ မနက်၅နာရီခွဲ အချိန်က ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၁၇၆ မိုင်၊ ၄ ဖာလုံနဲ့ ၅ ဖာလုံအကြားမှာ လုယက်မှု တစ်ခု ဖြစ်ပွားခဲ့ ပါတယ်။
မိတ္ထီလာကနေ ရန်ကုန်ကို ပြန်လာတဲ့ ကားတစ်စီး ဟာ စက်ချို့ယွင်းသွားတဲ့ အတွက် အဲ့ဒီ့နေရာမှာ ည ၁၁နာရီ ခွဲကထဲက ရပ်ထားကာ ကားပေါ် ပါလာသူ ၂ဦး အိပ်နေစဉ် ဓားရှည် ကိုင်ဆောင်ထားတဲ့ လူ ၃ ယောက်က နိုးပြီး ကားပေါ်မှာ ပါလာတဲ့ ပစ္စည်းတွေကို လုယက် တာလို့ လုယက်ခံလိုက်ရသူ က ရှင်းပြပါတယ်။
သာဝရအမြန်လမ်းမကြီး ရဲစခန်းကတော့ လုယက်ခံ လိုက်ရတယ် ဆိုပြီး လာတိုင်သူ ရှိတာ ဟုတ်တယ်လို့ ပြောပါတယ်။
“အမျိုးသားနှစ်ဦး ကားမောင်းလာစဉ်မှာ ဓားရှည်ကိုင်ထားတဲ့ လူနှစ်ယောက်က လုယက်တာပါ။ မနက်က အမှုဖွင့်ထားပါတယ်။ လက်ရှိကတော့ စစ်ဆေးဆဲပါ။ ပစ္စည်းကိုပဲယူပြီး လူကိုတော့ အန္တရာယ် မပေးသွားဘူး”လို့ စခန်းက တာဝန်ရှိသူ တစ်ဦးကရှင်းပြပါတယ်။
လက်ရှိအချိန်ဟာ စုံစမ်းဆဲကာလ ဖြစ်နေတဲ့အတွက် တိတိကျကျ သတင်း မထုတ်ပြန်နိုင်သေးကြောင်း နဲ့ လုယက်ခံလိုက်ရတဲ့ ပစ္စည်းတွေ ကို လဲ ပြောပြခွင့်မရှိသေးဘူးလို့ ရဲက ဆက်ပြောပါတယ်။
ရဲက ဓားရှည် ကိုင်ဆောင်၍ လုယက်သူသုံးဦးကို စုံစမ်းရှာဖွေနေပြီး ပုဒ်မ ၃၉၂နဲ့ အမှုဖွင့် အရေးယူသွားမယ်လို့ ဆိုထားပါတယ်။
လုယက်ခံလိုက်ရသူဘက် က တော့ ငွေက သိန်း၅၀ကျော်၊ရွှေ့က ၃ကျပ်သား၊Iphone က ၁လုံး၊OPPO ဖုန်းက ၁လုံး ပါသွားတယ်လို့ Popular News ကို ပြောပါတယ်။
ကာယကံရှင် များက လုယက်သူတွေကို မြင်တာနဲ့ မှတ်မိကြောင်း နဲ့ အသက် ၃၀ ၀န်းကျင်တွေ ပဲလို့ ရဲထံ ထွက်ဆိုထားပါတယ်။
သီဟ