မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်ထဲက ဘုန်းကြီးကျောင်း တစ်ခု ထဲ ဖွင့်ထားတဲ့ ၂လုံးထီ/၊ချဲထီလောင်းကစား တဲ့နေရာကို ရဲဝင်ဖမ်း

မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်ထဲက ဘုန်းကြီးကျောင်း တစ်ခု ထဲ ဖွင့်ထားတဲ့ ၂လုံးထီ/၊ချဲထီလောင်းကစား တဲ့နေရာကို ရဲဝင်ဖမ်း
July 13, 2017 Asian Fame

3:43 pm
မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်ထဲက ဘုန်းကြီးကျောင်း တစ်ခု ထဲ ဖွင့်ထားတဲ့ ၂လုံးထီ/၊ချဲထီလောင်းကစား တဲ့နေရာကို ရဲဝင်ဖမ်း

mdy2(မန္တလေး ၊ ဇူလိုင် ၁၃)

မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်အတွင်းက ဘုန်းကြီးကျောင်းတစ်ခုထဲ ၂လုံးထီ၊ ချဲထီလောင်းကစားတဲ့နေရာတစ်ခုကို ရဲက ဇူလှိုင် ၁၂ ရက်နေ့မှာ ၀င်ဖမ်းလိုက်ပါတယ်။

ချမ်းအေးသာစံမြို့နယ် သီရိဟေမာအရှေ့ရပ်ကွက် ဒက္ခိဏ၀န်ကျောင်းတိုက်၊ တိုက်သစ်ကျောင်းဝင်းအတွင်း မှာ ဖြစ်ပါတယ်။

ကျောင်းဝင်း အတွင်းရှိ ထရံကာ သွပ်မိုး သစ်သား အဆောင်အတွင်း နှစ်လုံးထီ သုံးလုံးထီလောင်း ကစားတဲ့အထောက် အထား လောင်းကြေးငွေတွေ ကို ကွန်ပျူတာနဲ့ရိုက်နှိပ် ထုတ်ဝေရောင်းချနေတဲ့ ဇော်လင်းအောင် ဆိုသူကို တွေ့ရှိ ရပြီး သက်သေတွေ ရှေ့ မှာပဲ ဆက်လက် ရှာဖွေစစ်ဆေးတယ်လို့ ရဲတပ်ဖွဲ့ဆိုပါတယ်။

ဇန်န၀ါရီ ၁ ရက် နေ့ကနေပြီး ဇူလိုင် ၂ ရက်နေ့အထိရက်စွဲပါ ချဲထီလောင်း ကစားလုပ်တဲ့နာမည်အတိုကောက်(အင်္ဂလိပ်စာလုံး) နဲ့ ကိန်း ဂဏန်းတွေရေးထားတဲ့ သရီးဒီစာလုံး စာရင်းဇယားပါ ၁၀ ရွက်၊ လောင်းကစားလုပ်ရာမှာရေးမှတ်တဲ့ ဘောပင်မျိုးစုံ ၁၄ ချောင်း ပေတံ ၁ ချောင်း နဲ့ မှင်ဖျက်ဆေး ၁ ခု၊ လောင်းကစားလုပ်ရာမှာသုံးတဲ့ စီတီဇင်အမျိုးအစားဂဏန်းပေါင်းစက် ၂ လုံး၊ အောင်အောင်အမည်ပါ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ဝေ ထားတဲ့ ယာဉ်မောင်းလိုင်စင် ၁ ခု၊ နှစ်လုံးထီသုံးလုံးထီ ရိုက်နှိပ်အသုံးပြုတဲ့ Lenovo တံဆိပ်ပါ Laptop ကွန်ပျူတာ ၁ လုံး ပရင်တာ ၁ လုံး ပရင်တာလိပ် ၃ ခု တို့ကို လည်း နေရာမှာပဲ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*