NLD ပါတီနှင့် ပြည်ခိုင်ဖြိုး ပါတီ တို့မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး ၏ အမြင်

NLD ပါတီနှင့် ပြည်ခိုင်ဖြိုး ပါတီ တို့မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး ၏ အမြင်
July 12, 2017 Asian Fame

6:09 pm
NLD ပါတီနှင့် ပြည်ခိုင်ဖြိုး ပါတီ တို့မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး ၏ အမြင်

Interview(နေပြည်တော်၊ ဇူလိုင် ၁၂)

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်နှင့် ပတ်သက်၍ တပ်မတော် အနေဖြင့် နိုင်ငံတော် အစိုးရထံ လိုအပ်သလို စိစစ်အရေး ယူပေးနိုင်ရန် တင်ပြထားခြင်း အပေါ် လက်ရှိ အာဏာရ NLD ပါတီနှင့် အတိုက်အခံ ပြည်ခိုင်ဖြိုး ပါတီ တို့မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၏ အမြင်များကို တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါသည်။

ဒေါက်တာအောင်ခင်

(NLD ပါတီ၊ ပြင်ဦးလွင် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် ဒုတိယ ဥက္ကဌ)

ဒါကတော့ တစ်ဦးချင်း အနေနဲ့ ပြောမယ် ဆိုရင်တော့ သူ့ Personal ပဲလေ။ သူ့စိတ်ထဲ မှာရှိတာ သူ့မှာ ပြောပိုင်ခွင့် ရှိပါတယ်။ သို့သော်လည်း ဆရာအနေ နဲ့ပြောမယ် ဆိုရင်တော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ ဒီနေရာမှာ ပြောမယ် ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရပဲ ပြဌာန်းထားတဲ့ အတိုင်းပဲ ဆရာတို့ ပြောရမှာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွှတ်တော် က ဘယ်အဆင့် ရှိတယ် သမ္မတက ဘယ်အဆင့်ရှိတယ် အစိုးရက ဘယ်အဆင့် ရှိတယ် ဆိုတာတွေသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဌာန်း ထားပြီးသားပါ။ ပြဌာန်း ထားပြီးတာ ကို ဆရာ ကိုမေးရင်တော့ ဒီလိုပဲ ပြောရမှာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တည်ဆဲ ဥပဒေ ဖြစ်တဲ့အတွက် မပြင်နိုင်သေးသ၍ မပြောင်းနိုင်သေးသ၍ ဆရာက ဥပဒေပြုရေးဖြစ်တဲ့ အတွက် လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့အတွက် လိုက်နာရမှာ ဆရာ့ တာဝန်ပဲ။

ကျန်တာကတော့ ဆရာသေချာမသိဘူး။ facebook လည်းသေချာမသုံးဘူးလေ။ သို့သော်လည်း ဒါသူတို့ရဲ့ အပိုင်းပါ။ ဆရာကတော့ ဒီဟာကို မပြောလိုဘူးလေ။ ဘယ်လိုဖြစ်လို့ ဘယ်လိုပြောတယ်ဆိုတာလည်း ဆရာလည်းမသိဘူးလေ။ ဆရာ့ရဲ့ အာဘော်သာလျှင် ခုန ကပြောသလို ဖွဲ့စည်းပုံအရပဲပြောရမယ်လို့ပြောတာပါ။

ဦးသောင်းအေး

(ပြည်ခိုင်ဖြိုးပါတီ၊ ပျော်ဘွယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

လက်ရှိနိုင်ငံတော် အစိုးရရဲ့ မူဝါဒက က ထိန်းချင်သလိုထိန်းလို့ရပါတယ်။ တကယ့် တကယ်တော့ နိုင်ငံတော်မှာအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေ က ဒီစကားမျိုးပြောတာ ဆင်ခြင်ဖို့လိုပါတယ်။ တို့သွားချင်တာ က အမျိုးသားရင်ကြားစေ့ရေး၊နိုင်ငံတော်ငြိမ်းချမ်းရေးရဖို့ အတွက် သွားချင် တာပေါ့။ ဘာဘဲ ဖြစ်နေနေ ဒီမိုကရေစီခေတ်မှာတော့ ပါတီစုံဖြစ်တဲ့ အတွက် တော့ သူ့ပါတီ ကိုယ့် ပါတီရှိကြပါတယ်။ ဒါပေမယ့် အစိုးရ တာဝန်ယူထားတဲ့ ၀န်ကြီးချုပ် တစ်ယောက် အနေနဲ့ ကတော့ ဒီလို စကားမျိုးတွေ ပြော မယ်ဆိုရင် နှိုင်းယှဉ် ၊ ချင့် ချိန်ပြီး ပြော ဖို့လိုပါမယ်။ တပ်မတော် အနေနဲ့ ကလည်း ဒီလို မပြောသင့် မပြောထိုက်တာကိုပြောလို့ သူတို့အနေနဲ့ ဒီလို အရေးယူပေးဖို့ တင်ပြတာ ဖြစ်ပါလိမ့်မယ်။ နည်းဥပဒေ အတိုင်းအတာ ကတော့ ဒါ အစိုးရရဲ့ သဘော ဆန္ဒပဲဖြစ်ပါတယ်။

State Level ပြည်နယ် နဲ့တိုင်း ၀န်ကြီးချုပ် တစ်ယောက် အနေနဲ့ စကားပြောတာ ဆိုတာက သူဘယ်လိုပဲ ဆန္ဒရှိရှိ တကယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုယ့်နိုင်ငံရဲ့ အခြေအနေ၊ ဒါကို သေသေချာချာ နားလည်ပြီးတော့ စစ်ဖက် အရပ်ဖက်ဆက်ဆံရေး ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် နားလည်ဖို့ လိုတယ်လို့ ထင်တယ်။ သူနားလည် သလောက်နဲ့ ပြောလိုက် တာဖြစ်ပေမယ်. ကိုယ်တို့ နိုင်ငံမှာ ကျတော့ ကိုယ်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လက်ရှိသွားနေတဲ့ စနစ်နဲ့ သူပြောတာနဲ့ကျတော့ အများအမြင် မှာတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်ရဲ့ Statusကို နိမ့်ချနေသလို ဖြစ်သွားတာပေါ့။ ဒါကတော့ ပြောသင့်ပြောထိုက်တဲ့ စကား မဟုတ်ဘူး လို့ ပြောရမှာပေါ့။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*