ဒေါ်လာဈေး အနည်းငယ် တက်သော်လည်း ပြည်တွင်း ရွှေဈေး ဆက်လက်ကျဆင်းနေ

ဒေါ်လာဈေး အနည်းငယ် တက်သော်လည်း ပြည်တွင်း ရွှေဈေး ဆက်လက်ကျဆင်းနေ
July 12, 2017 Asian Fame

3:37 pm
ဒေါ်လာဈေး အနည်းငယ် တက်သော်လည်း ပြည်တွင်း ရွှေဈေး ဆက်လက်ကျဆင်းနေ

gold(ရန်ကုန်၊ ဇူလိုင် ၁၂)

ပြည်တွင်းတွင် ဒေါ်လာဈေး အနည်းငယ် မြင့်တက်လာသော်လည်း ကမ္ဘာ့ရွှေဈေးအကျဖက် ဦးတည်နေသောကြောင့် ပြည်တွင်းရွှေဈေး များ ကျဆင်းနေသည်။

ဇွန်လကုန်ပိုင်း ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် ၉ သိန်း ၈ ထောင်ဝန်းကျင် အထိ ထောင်တက်ခဲ့ပြီး ဇူလိုင်လ ၁၂ ရက်နေ့၏ ပြည်တွင်း အခေါက်ရွှေတစ်ကျပ်သား လျှင်ကျပ် ၈ သိန်း ၈ သောင်း ဝန်းကျင်သာရှိပြီး နှစ်ပတ်တာ ကာလအတွင်း အတွင်းကျပ် ၃ သောင်း ဝန်းကျင် ကျဆင်းသွားခြင်း ဖြစ်သောကြော်င့်ရွှေဈေးကွက် အတွင်း အရောင်းအ၀ယ် သွက်နေသည်။

ကမ္ဘာ့ရွှေဈေးသည် တစ်ထရိုင်အောင်စ လျှင် အမြင့်ဆုံးဈေး ၁၂၄၀ ဒေါ်လာ ၀န်းကျင်ရှိခဲ့ရာမှ အမြင့်ဆုံးဈေး ၁၂၁၅ ဒေါ်လာသို့ ကျဆင်း သွားခဲ့ခြင်းဖြစ်သောကြောင့် ပြည်တွင်း ရွှေဈေးနှုန်းများ လည်း လိုက်ပါ ကျဆင်းနေခြင်းဖြစ်သည်။

လက်တလော ဒေါ်လာဈေးသည် ၁၃၅၅ ကျပ်ဝန်းကျင်တွင် ရှိနေပြီး အနည်းငယ် အတက် ရှိနိုင်သောကြောင့် ကမ္ဘာ့အပြောင်း အလဲကြောင့်သာ ပြည်တွင်းရွှေဈေး ကျဆင်းနေခြင်းဖြစ်ပြီး အခြားသော ထူခြားမှု မရှိကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်အသင်းမှ သိရသည်။

မှူးအိမ်ဇော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*