FMI က ၎င်းတို့ရှယ်ယာရှင် များကို အမြတ်ဝေစု များကို သြဂုတ်လ အတွင်းထုတ်ပေးမည်

FMI က ၎င်းတို့ရှယ်ယာရှင် များကို အမြတ်ဝေစု များကို သြဂုတ်လ အတွင်းထုတ်ပေးမည်
July 11, 2017 Asian Fame

3:46 pm
FMI က ၎င်းတို့ရှယ်ယာရှင် များကို အမြတ်ဝေစု များကို သြဂုတ်လ အတွင်းထုတ်ပေးမည်

(ရန်ကုန်၊ ဇူလိုင် ၁၁)

ရန်ကုန် စတော့အိတ်ချိန်းတွင် ရောင်းဝယ်လျက် ရှိသည် FMI ကုမ္ပဏီ သည် ၎င်းထံမှ ၀ယ်ယူထားသော အစု ရှယ်ယာများ အတွက် အမြတ်ဝေစုများ ကို သြဂုတ်လ အတွင်း ထုတ်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

FMI ကုမ္ပဏီသည် ၎င်း၏နှစ်ပတ် လည် အထွေထွေအစည်းအဝေးကို ဇူလိုင် ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ အထွေထွေ အစည်းအဝေးတွင် အတည်ပြုချက် ရရှိခဲ့ပါ ကကြေညာချက် တွင် ထည့်သွင်းဖော်ပြခဲ့သည့် အတိုင်း ပေးအပ်မည်ဖြစ်ပြီး သြဂုတ် ၉ ရက်နေ့တွင် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအမြတ်ဝေစုကို ရန်ကုန် စတော့အိတ်ချိန်းတွင် ရှိသည့်အစုရှယ် ယာရှင်စာရင်း အတိုင်း အစုရှယ်ယာ တစ်စုလျှင် ကျပ် ၁၀၀ ခွဲဝေပေးသွား မည်ဖြစ်ကြောင်း FMI ၏ကြေညာချက် တွင် ဖော်ပြထားသည်။

ထို့ပြင် ယခု တစ်ကြိမ်ပေးအပ်မည့် အမြတ်ဝေစုတွင် မူရင်းအစုရှယ်ယာ ၁၀ စုပိုင်ဆိုင်သူတစ်ဦးသည် အပိုဆု အစုရှယ်ယာ (Fully-paid Bonus Shares) တစ်စု ထုတ်ဝေပေးမည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်စတော့အိတ်ချိန်း ၏ စာရင်းရှင်း လင်းမှုစနစ်အရ အစု ရှယ်ယာ များ ၀ယ် ယူရောင်းချလိုသူ အစုရှယ်ယာရှင်များ အနေဖြင့်Record Day စာရင်းဝင်နိုင် ရန်အတွက် သြဂုတ် ၄ ရက် နောက်ဆုံး ထား၍ ရှယ်ယာများ အရောင်းအ၀ယ် ပြုလုပ်ရမည်ဖြစ်သည်။

မှူးအိမ်ဇော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*