အာဇာနည် ဗိမာန်သို့ ဒုတိယသမ္မတ (၁) ဦးစီးသည့် အဖွဲ့ဝင် (၅)ဦး တက်ရောက်ကြမည်ဟု သိရ

အာဇာနည် ဗိမာန်သို့ ဒုတိယသမ္မတ (၁) ဦးစီးသည့် အဖွဲ့ဝင် (၅)ဦး တက်ရောက်ကြမည်ဟု သိရ
July 11, 2017 Asian Fame

4:45 pm
အာဇာနည် ဗိမာန်သို့ ဒုတိယသမ္မတ (၁) ဦးစီးသည့် အဖွဲ့ဝင် (၅)ဦး တက်ရောက်ကြမည်ဟု သိရ

Arzarni-Koneရန်ကုန်၊ဇူလိုင် ၁၁

နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနားသို့ ဒုတိယသမ္မတ (၁)ဦးမြင့်ဆွေ၊ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း၊ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပါအ၀င် ပြည်ထောင်စုဝန်ကြီးအချို့သာ တက်ရောက်ဂါရ၀ ပြုကြမည်ဟု ကနဦးသတင်းရရှိထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကမူ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး အဖြစ်နှင့်သာ တက်ရောက်ဂါရ၀ ပြုမည်ဟု လည်း ထပ်မံသိရသည်။

MTA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*