ရန်ကုန်တွင် ဇွန်လအတွင်း လူသတ်မှု ၅ မှု ပိုမိုဖြစ်ပွားခဲ့

ရန်ကုန်တွင် ဇွန်လအတွင်း လူသတ်မှု ၅ မှု ပိုမိုဖြစ်ပွားခဲ့
July 11, 2017 Asian Fame

4:48 pm
ရန်ကုန်တွင် ဇွန်လအတွင်း လူသတ်မှု ၅ မှု ပိုမိုဖြစ်ပွားခဲ့

(ရန်ကုန်၊ ဇူလိုင် ၁၁)

ရန်ကုန်တိုင်း တွင် ပြီးခဲ့သည့် ဇွန်လ အတွင်းက ဖြစ်ပွားသည့် လူသတ်မှုနှုန်းသည် မေလ ထက် ၅ မှုပိုတိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ စာရင်းများ အရ သိရသည်။

ဇွန်လတွင် ရဲတပ်ဖွဲ့က ရန်ကုန်တိုင်း အတွင်း မှုခင်းကြိုတင် ကာကွယ်မှု ၂၅၄ ခုပိုတိုး လုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် မေလအတွင်း လူသတ်မှု ၁၀မှုသာဖြစ်ပွားခဲ့ပြီး မုဒိန်းမှု ၂၄ မှု၊ လုယက်မှု ၄မှု၊အမှုကြီး ၃၈ မှု၊ မူးယစ်ဆေးဝါးမှု ၄၀၀ မှု၊ မော်တော် ယာဉ်တိုက်မှု ၃၅၉၁မှု ဖြစ်ပွားခဲ့သည်။

ဇွန်လတွင်မူ လူသတ်မှု ၁၅မှု ၊ မုဒိန်းမှု ၁၉မှု၊ လုယက်မှု ၄မှု၊အမှုကြီးပေါင်း ၃၈မှု ၊မူးယစ်ဆေးဝါးမှု ၁၀၁မှု၊မော်တော်ယာဉ်တိုက်မှု ၃၅၀၀ မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏စာရင်းတွင်ဖော်ပြထားသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*