ရန်​ကုန်​တိုင်း နယ်​လုံဝန်​ကြီး​ပြောင်းလဲပြီ

ရန်​ကုန်​တိုင်း နယ်​လုံဝန်​ကြီး​ပြောင်းလဲပြီ
July 10, 2017 Asian Fame

10:18 am
ရန်​ကုန်​တိုင်း နယ်​လုံဝန်​ကြီး​ပြောင်းလဲပြီ

NelLone(ရန်ကုန် ဇူလိုင် ၁၀)

ရန် ကုန်တိုင်းဒေသကြီးရဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နာမည် စာရင်းပေးပို့ခဲ့တဲ့ ဗိုလ်မှူးကြီးအောင်စိုးမိုး ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်ကို နာမည်စာရင်းတင်သွင်းခဲ့ပြီး လွှတ်တော် က ဒီကနေ့ အတည်ပြုခဲ့တဲ့အတွက် ကတိသစ္စာဆိုကာ ဝန်ကြီးဖြစ်သွားပါပြီ။

ဒီကနေ့မှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အရေးပေါ်အစည်းအဝေးခေါ်ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

ယခင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီး တင်အောင်ထွန်းရဲ့နေရာမှာ အစားထိုးလဲလှယ်လိုက်တာပါ။ တိုင်းဒေသကြီးနဲ့ပြည်နယ် ၇ခုက နယ်လုံဝန်ကြီးများ အဖြစ် တာဝန်ထမ်းဆာင်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ် ၇ဦးကို အစားထိုး လဲလှယ်ကြောင်း ဇွန်လ ၂၉ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ-ကောင်းစွမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*