ရန်ကုန် အစိုးရရဲ့ သမဂ္ဂ အဆောက်အဦး ဆောက်လုပ်ရေး အစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွယ်တယ် လို့ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ပြော

ရန်ကုန် အစိုးရရဲ့ သမဂ္ဂ အဆောက်အဦး ဆောက်လုပ်ရေး အစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွယ်တယ် လို့ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ပြော
July 7, 2017 Asian Fame

2:39 pm
ရန်ကုန် အစိုးရရဲ့ သမဂ္ဂ အဆောက်အဦး ဆောက်လုပ်ရေး အစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွယ်တယ် လို့ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ပြော

mdy(မန္တလေး၊ ဇူလိုင် ၇)

ရန်ကုန် အစိုးရရဲ့ သမဂ္ဂ အဆောက်အဦး ဆောက်လုပ်ရေး အစီအစဉ်ကို ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက လည်း ပြင်းပြင်း ထန်ထန် ကန့်ကွယ်တယ်လို့ မန္တလေး ရတနာပုံ တက္ကသိုလ် အားကစားခန်းမ အတွင်း ဒီနေ့ကျင်းပပြုလုပ်တဲ့ ၅၅ နှစ်မြောက် 7 July အောက်မေ့ဖွယ် အခမ်းအနားမှတစ်ဆင့် ဗကသကျောင်းသား ရဲဘော်တွေက ပြောလိုက်ပါတယ်။

“သမဂ္ဂ အဆောက်အဦး ဆောက်နေတာကို လုံးဝလက်မခံဘူး၊ ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီသမိုင်းကြောင်း အရ အစဉ်အလာ ကြီးမားခဲ့တာကို အခုလိုမျိုး အရင် ကျောင်းသားဟောင်းတွေ ရဲ့သဘောထားလည်း မပါ၊ လက်ရှိ ဗကသ ကျောင်းသားတွေရဲ့ သဘောထားလည်း မပါဘဲ လုပ်တာဟာ ခေတ်အဆက်ဆက် ကဗကသ ရဲဘော်တွေကို စော်ကားခြင်းလို့ပဲ ယူဆလို့ပါ” လို့ ရတနာပုံ ကျောင်းသားများ သမဂ္ဂ ပြောရေးဆိုခွင့် ရှိသူက ပေါ်ပြူလာနယူးစ် နဲ့တွေ့ဆုံစဉ် ပြောပါတယ်။

ဗကသများ အဖွဲ့ချုပ် ကျောင်းသားတွေ အနေနဲ့ ရန်ကုန် အစိုးရ ငွေကျပ် ၅ ဘီလီယံတန် ကျောင်းသား သမဂ္ဂ အဆောက် အဦး ပြန်ဆောက်ရေး ကိစ္စအပေါ် ကျေနပ်မှု မရှိကြသလို ကျောင်းသားဟောင်း တစ်ချို့က လည်း ကန့်ကွက်နေကြတယ် လို့သိရပါတယ်။

“ငါအစိုးရပဲ ငါလုပ်ချင်သလို လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့ရဲ့လက်ပါးစေ ကျောင်းသားတွေကို ခေါ်ပြီးလုပ်ခြင်းဟာ ရိုးသားမှု မရှိဘူး၊ ဗကသများ အဖွဲ့ချုပ်ကို အသိအမှတ်မပြုဘူး ဆိုတဲ့စိတ်ဆန္ဒကြောင့် လုပ်တယ်လို့ပဲ ကျွန်တော် တို့မြင်တယ်၊

ဗကသနဲ့ တိုင်ပင်ပြီးတော့မှ လုပ်သင့်တယ်လို့ ကျွန်တော် တို့မြင်ပါတယ်၊ လက်ပါးစေ သမဂ္ဂ ကြိုးဆွဲရာကမယ့် ရုပ်သေး ရုပ်ကျောင်းသားတွေ နဲ့လုပ်တာကတော့ ဘယ်လိုနည်း နဲ့ဖြစ်ဖြစ် ဘယ်လို အခြေအနေမှာ ပဲဖြစ်ဖြစ် လက်မခံပါဘူး” လို့လည်း ၄င်းက ဆိုပါတယ်။

၁၉၆၂ ခုနှစ် ဦးနေ၀င်း အစိုးရအာဏာ သိမ်းပြီးနောက်ပိုင်း ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့တာ ဒီနေ့ဆိုရင် ၅၅ နှစ်မြောက် ရှိခဲ့ပြီ ဖြစ်တာမှာ ရန်ကုန် မန္တလေး အပါအ၀င် ပြည်နယ်နဲ့ တိုင်းမြို့ကြီး တစ်ချို့မှာ ၅၅ နှစ်မြောက် 7 July အထိမ်း အမှတ် အောက်မေ့ဖွယ် အခမ်း အနားတွေ ကျင်းပပြုလုပ်ကြတာမှာ မန္တလေးမှာတော့ ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ကြီးမှူးကျင်းပတာပဲဖြစ်ပြီး စာရေးဆရာမောင်စိန် ၀င်း(ပုတီးကုန်း) နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်တို့ရဲ့ စာပေဟောပြောမှုအစီအစဉ်လည်းပါပါ တယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*