ဆိုင်ကယ်မှောက် ဒဏ်ရာရ လူနာကို ဆေးရုံပို့ဖို့ ပြင်ဆင်နေစဉ် မူးယစ်ဆေးဝါးတွေ တွေ့လို့ ရဲကဖမ်းခဲ့

ဆိုင်ကယ်မှောက် ဒဏ်ရာရ လူနာကို ဆေးရုံပို့ဖို့ ပြင်ဆင်နေစဉ် မူးယစ်ဆေးဝါးတွေ တွေ့လို့ ရဲကဖမ်းခဲ့
July 7, 2017 Asian Fame

2:27 pm
ဆိုင်ကယ်မှောက် ဒဏ်ရာရ လူနာကို ဆေးရုံပို့ဖို့ ပြင်ဆင်နေစဉ် မူးယစ်ဆေးဝါးတွေ တွေ့လို့ ရဲကဖမ်းခဲ့

cycle(မိုးကုတ် ၊ ဇူလိုင် ၇)

အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတဲ့ ဆိုင်ကယ်ပေါ်ပါ သူတွေကို ရဲတပ်ဖွဲ့နဲ့ တပ်မတော်က ဆေးရုံပို့ပေးဖို့ ပြင်နေတုန်းမှာပဲ ဒဏ်ရာ ရလူရဲ့ အိတ်ထဲက စိတ်ကြွဆေးပြား ၁၃၀၀၀ တွေ့လို့ ဖမ်းဆီးလိုက်တဲ့ အမှုတစ်ခု ဇူလိုင် ၆ ရက်နေ့က မိုးကုတ်မြို့နယ် မှာ ဖြစ် ပွားခဲ့ပါတယ်။

မိုးကုတ်-မိုင်းလုံ ကားလမ်းမှာ အောင်ခန့်ပိုင် မောင်းနှင်ပြီး အောင်ခိုင်ဦး စီးနင်းတဲ့ ဆိုင်ကယ်ဟာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာ ကနေ ၂ ဦး စလုံး ပွန်းပဲ့ပေါက်ပြဲဒဏ်ရာ အချို့ရရှိခဲ့ပါတယ်။

ဒီ ၂ဦးကို မိုးကုတ်မြို့မ ရဲစခန်းက ဒုရဲအုပ် ဆန်းကျော်ဦး ၊ ခလရ (၇၁)က ဗိုလ်ကြီးအောင်သင်းတို့ အဖွဲ့ကနေ ဆေးရုံ ပို့ဖို့ ဆောင် ရွက်နေတုန်း အောင်ခိုင်ဦး လွယ်ထားတဲ့ လွယ်အိတ်ကို မသင်္ကာလို့ ရှာဖွေရာကနေ အခုလို စိတ်ကြွဆေးပြား ၁၃၀၀၀ ကို တွေ့ရှိ ခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လက်ရှိ အောင်ခန့်ပိုင် ၊ အောင်ခိုင်ဦး တို့နှစ်ဦးကို မိုးကုတ်မြို့မရဲစခန်း က မယ(ပ) ၇၀/ ၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) / ၂၁ နဲ့ အမှုစစ်ဆေးနေကြောင်းသိရပါတယ်။

YL
Photo- ပြည်ထဲရေးဝန်ကြီးဌာန

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*