ဝန်ထမ်းများ အတိုးနှုန်း သက်သက်သာသာနဲ့ ငွေချေးနိုင်ပြီ

ဝန်ထမ်းများ အတိုးနှုန်း သက်သက်သာသာနဲ့ ငွေချေးနိုင်ပြီ
July 7, 2017 Asian Fame

12:03 pm
ဝန်ထမ်းများ အတိုးနှုန်း သက်သက်သာသာနဲ့ ငွေချေးနိုင်ပြီ

(ရန်ကုန်၊ ဇူလိုင် ၇)

နိုင်ငံတော် ၀န်ထမ်းတွေ အနေနဲ့ အတိုးနှုန်း သက်သက်သာသာနဲ့ ငွေချေးယူနိုင်ဖို့အတွက် အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်း များ ဖွံ့ဖြိုး တိုးတက်ရေး ဘဏ် (SMIDB) ကနေ ချေးငွေတွေ ထုတ်ပေးနေပြီဖြစ်ပါတယ်။

ချေးငွေကို ရယူရာမှာ လစာရဲ့ ၂ ဆ သို့မဟုတ် ၃ ဆ အထိချေးယူ ရရှိနိုင်ပြီး ချေးငွေလျှောက်ထားသူ ၏ အချက်အလက်များ (Staff Loan) ချေးငွေလျှောက်လွှာ ပုံစံကို ရယူထားရမည်။ ချေးငွေရယူမည့်သူမှ ဘဏ်တွင် Current Account စာရင်း စတင် ဖွင့်လှစ် ရမည်ဖြစ်ကြောင်းသိရသည်။

ချေးငွေကို နှစ်ချင်းဆပ် (၁) နှစ်သက်တမ်းဖြင့် ထုတ်ချေးနိုင်ပြီး အတိုးနှုန်းကို တစ်နှစ် (၁၂%) ဖြင့် လစဉ်အရင်းနှင့်အတိုး ပုံမှန်ပေးသွင်း ရမည်ဖြစ်သည်။

“အထူးသဖြင့်တော့ ၀န်ထမ်းတွေကို ချေးပေးတာပါ။ အစိုးရ ရုံးစိုက်ရာနေပြည်တော် မှာတော့ လာချေးနေကြပါတယ်။ တပ်မတော် သားတွေ အနေနဲ့လည်း ချေးနိုင်ပါတယ်။ အပြင်က ကုမ္ပဏီ ၀န်ထမ်းတွေကိုတော့ ဒုတိယအသုတ် အနေနဲ့ ချေးပေးဖို့ကို စဉ်းစားနေ ပါတယ်။ အပြင်ဝန်ထမ်းတွေ ကိုကျတော့ တချို့ကုမ္ပဏီတွေက ခိုင်မာမှုရှိမရှိ ဆုံးဖြတ်ရမှာတွေ ရှိပါတယ်။” ဟု SMIDB ၏ အမှုဆောင် ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးကပြောသည်။

သို့သော် ယခုချေးပေးနေသော နှုန်းထားသည် ပြင်ပ အသေးစား ငွေရေးကြေးရေး လုပ်ငန်းများမှ ထုတ်ချေးပေးနေသော ငွေ ပမာန သာဖြစ်သောကြောင့် ၀န်ထမ်း အတွက် အိမ်ရာ ကဲ့သို့ အရာများ ၀ယ်ယူရန် အတွက်မှု ချေးငွေ အခက်အခဲဖြစ်နေဆဲဖြစ်သည်။

“၀န်ထမ်းတွေ အတွက် ခုလို ထုတ်ချေးပေးတာကောင်းပါတယ်။ ဒါပေမယ့် အိမ်ရာ ၀ယ်ယူနိုင်ရေးလိုမျိုး အရာတွေ အတွက် အရစ်ကျ စနစ် နဲ့ လုပ်ပေးတာတွေ ဘာတွေလည်း ရှိလာရင်ကောင်းမယ်။” ဟု ရန်ကုန်မြို့မှ ကျောင်းဆရာမ တစ်ဦးဖြစ်သည့် ဒေါ်နှင်းဝတ်ရည် က ပြောသည်။

ပြင်ပ၀န်ထမ်း အဖြစ် လုပ်ကိုင်သူ တစ်ဦးဖြစ်သည့် ဦးရန်နောင်ထွန်း ကလည်း “အစိုးရ ၀န်ထမ်းတွေ ကိုချေးပေးသလို အပြင်က ကုမ္ပဏီ ၀န်ထမ်းတွေ ကိုလည်း ခိုင်မာတဲ့ အထောက် အထားပြနိုင်ရန် ချေးပေးတာမျိုး ကိုမျှော်လင့်ပါတယ်။ ဒါ့အပြင် စီးပွားရေး စပြီး လုပ် လိုသူတွေ ၀န်ထမ်းကနေ ကိုယ်ပိုင်စီးပွားရေး စပြီး လုပ်လိုသူတွေ အတွက်လည်း ချေးငွေ ထုတ်ပေးနိုင်တဲ့ ဘဏ်တွေ ပေါ် ထွက်လာဖို့ မျှော်လင့်ပါတယ်။”ဟု ပြောသည်။

ချေးငွေလျောက်ထား လိုသော ၀န်ထမ်းအနေဖြင့် သက်ဆိုင်ရာ စာရွက်စာတမ်း များနှင့် အတူ ဘဏ်သို့ သွားရောက်လျောက် ထားနိုင်ပြီး ချေးငွေ ရရှိစေရန် နာရီပိုင်းသာ ကြာမြင့်မည်ဟု ဘဏ်တာဝန် ရှိသူဖက်ကပြောဆိုထားသည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*