သမဂ္ဂ အ​ဆောက်​အဦးသစ်​ ဆောက်​ပြီး သမိုင်းအမည်းစက်​ကို ဖာ​ထေး​ပေးဖို့ကြိုးစား​နေမှု အ​ပေါ်မှာ မည်​သည့်​ ဖိနှိပ်​မှုကို မဆို ရင်​ဆိုင်​တုန့်​ပြန်​ သွားမယ်​လို့ ဗကသများ အဖွဲ့ချုပ်​ဆို

သမဂ္ဂ အ​ဆောက်​အဦးသစ်​ ဆောက်​ပြီး သမိုင်းအမည်းစက်​ကို ဖာ​ထေး​ပေးဖို့ကြိုးစား​နေမှု အ​ပေါ်မှာ မည်​သည့်​ ဖိနှိပ်​မှုကို မဆို ရင်​ဆိုင်​တုန့်​ပြန်​ သွားမယ်​လို့ ဗကသများ အဖွဲ့ချုပ်​ဆို
July 7, 2017 Asian Fame

11:27 am
သမဂ္ဂ အ​ဆောက်​အဦးသစ်​ ဆောက်​ပြီး သမိုင်းအမည်းစက်​ကို ဖာ​ထေး​ပေးဖို့ကြိုးစား​နေမှု အ​ပေါ်မှာ မည်​သည့်​ ဖိနှိပ်​မှုကို မဆို ရင်​ဆိုင်​တုန့်​ပြန်​ သွားမယ်​လို့ ဗကသများ အဖွဲ့ချုပ်​ဆို

7July(ရန်ကုန် ဇူလိုင် ၇)

သမဂ္ဂအ ဆောက်အဦးသစ် ဆောက်ပြီး သမိုင်း အမည်းစက်ကို ဖာထေးပေးဖို့ ကြိုးစားနေမှုအပေါ်မှာ မည်သည့် ဖိနှိပ်မှုကိုမဆို ရင်ဆိုင် တုန့်ပြန်သွားမယ်လို့ ဗကသများ အဖွဲ့ချုပ်က 7July မှာပြောလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ 7July အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ဆေး တက္ကသိုလ်ကျောင်းသား များသမဂ္ဂ၊ (၇၄-၇၅-၇၆)နိုင်ငံရေး အင်အားစုများ၊ (၁၀း၁၀) မျိုးဆက် ဗကသကျောင်းသားလူငယ်များ ၊(၇၄၊၇၅) မျိုးဆက် ဗကသကျောင်းသား များ၊ ဗမာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ပြည်ထောင်စု ကာကွယ်ရေး တပ်မတော် -ABSDF (UNRA) တို့က နံနက် ၉နာရီကစတင်ပြီး ရန်ကုန် တက္ကသိုလ်ဝင်း အတွင်းက သမဂ္ဂမြက်ခင်းပြင်နေရာ မှာ ကျင်း ပပြုလုပ်ခဲ့ပါတယ်။

သမဂ္ဂ အသီးသီးဟာ သမဂ္ဂမြက်ခင်းပြင် ဆီကို လမ်းလျှောက် ချီတက်လာခဲ့ပြီး အလေးပြုကြ တာဖြစ်ပါတယ်။ ထုတ်ပြန်ချက် အသီးသီး မှာ ကျောင်းသား သမဂ္ဂများရဲ့လှုပ်ရှားဆောင်ရွက်ခွင့်များ၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်များကို တရားဝင် အသိအမှတ်ပြုပြီး မှသာ ကျောင်း သား မျိုးဆက် အားလုံး ရဲ့သဘောဆန္ဒနဲ့ညီတဲ့ သမဂ္ဂအဆောက်အအုံသစ် ကိုဆောက်လုပ်ဖို့ ပြောကြား ထားတာ ကိုတွေ့ ရပါတယ်။

ရန်ကုန် တက္ကသိုလ်ဝင်း အတွင်းက သမဂ္ဂ အဆောက်အအုံသစ်ကို ၅ဘီလီယံ အကုန်ခံပြီး ပြည်ထောင်စု ဘတ်ဂျတ် နဲ့ပြန်ဆောက်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံးမှာ အစည်းအဝေး တစ်ရပ်လုပ်ခဲ့ပါတယ်။

သမဂ္ဂ အဆောက်အအုံ ဟောင်း ကတော့ လွန်ခဲ့တဲ့ ၅၅ နှစ် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်မှာ ဒိုင်းနမိုက် နဲ့ဖောက်ခွဲဖျက်ဆီးခဲ့ရတာဖြစ်ပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*