ကချင်ပြည်နယ် အခြေစိုက် သတင်းမီဒီယာ များက အစိုးရကို ဆန္ဒပြ

ကချင်ပြည်နယ် အခြေစိုက် သတင်းမီဒီယာ များက အစိုးရကို ဆန္ဒပြ
July 7, 2017 Asian Fame

12:23 pm
ကချင်ပြည်နယ် အခြေစိုက် သတင်းမီဒီယာ များက အစိုးရကို ဆန္ဒပြ

Kachin1(နေပြည်တော်၊ ဇူလိုင် ၇)

ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော ဖြစ်စဉ်များ ပဋ္ဋိပက္ခများ အပါအဝင် အကြောင်းအရာ နယ်ပယ်စုံကို သတင်း ရယူကြရာတွင် အစိုးရ ဌာနများမှ တာဝန်ရှိသူများ အနေဖြင့် ဖြေဆိုရန် ငြင်းဆိုခြင်း၊ ကြန့်ကြာခြင်း၊ အဆင့်ဆင့် လွှဲပြောင်းနေခြင်း စသည့် အခြေ အနေ များကြောင့် ပြည်နယ်အတွင်းရှိ အခြေစိုက် မီဒီယာသမား များစုပေါင်း၍ ယနေ့မနက်တွင် ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြပွဲကို ကချင်ပြည်နယ် အခြေစိုက် မီဒီယာ အသီးသီးမှ သတင်းသမား စုစုပေါင်း(၃၆)ဦး ပါဝင်ခဲ့ပြီး ယနေ့မနက် (၉)နာရီ မှ(၁၁)နာရီ အထိ ကချင်ပြည်နယ် မနောကွင်းမှ စတင်ခဲ့ကြပြီး ဘူတာကြီး အရှေ့ထိ တောင်းဆိုချက် (၇)ချက်နှင့်ကြွေးကြော်သံ များဖြင့်ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*