နေအိမ်၁လုံး မီးပေါ့ဆမှုကြောင့် အိမ်ခြေ ၂၈ လုံး ဆုံးရှုံးခဲ့ရတဲ့ ယနေ့မန်းမီး

နေအိမ်၁လုံး မီးပေါ့ဆမှုကြောင့် အိမ်ခြေ ၂၈ လုံး ဆုံးရှုံးခဲ့ရတဲ့ ယနေ့မန်းမီး
July 6, 2017 Asian Fame

5:18 pm
နေအိမ်၁လုံး မီးပေါ့ဆမှုကြောင့် အိမ်ခြေ ၂၈ လုံး ဆုံးရှုံးခဲ့ရတဲ့ ယနေ့မန်းမီး

(မန္တလေး၊ ဇူလိုင် ၆)

မန္တလေး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် နေအိမ် တစ်အိမ်မှာ ဒီနေ့ မနက် ၁၁ နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွား ခဲ့တာမှာ အိမ်ခြေ ၂၈ လုံး၊ မော်တော်ယာဉ် ၁ စီး၊ မော်တော် ဆိုင်ကယ် အဟောင်း ၂ စီး မီးလောင် ဆုံးရှုံးခံခဲ့ရပါတယ်။

ထွန်တုံးရပ်ကွက် ၅၄ လမ်း နဲ့ ၅၅ လမ်းကြား၊ နှင်းဆီလမ်း နဲ့ မြတ်လေးလမ်းကြား၊ အကွက် အမှတ် (ဖ-၁၉) ကနေ စတင်လောင်ကျွမ်းခဲ့တာလို့ ကနဦး သိရပြီး မီးလောင်မှုနဲ့ ပတ်သက် လို့တော့ စုံစမ်းနေဆဲ ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၉၉ သိန်း သတ်မှတ်ထားတယ် လို့ တိုင်းဒေသကြီး မီးသတ် ဦးစီးမှူးရုံးဆီကသိရပါတယ်။

မနက် ၁၁ နာရီ အချိန်ခန့်က စတင် လောင်ကျွမ်းခဲ့ တဲ့မီးက ၁၁ နာရီ ၄၀ မိနစ် အချိန်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တာ ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားတဲ့နေရာဆီ မန္တလေး တိုင်းဒေသကြီး မီးသတ်တိုင်း ဦးစီးမှူးဦးစီးတဲ့ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၈၀ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၁၅၀ ဦးတို့မှ မီးသတ်ယာဉ် ၄၅ စီး၊ ရေသည်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီးတို့ လာရောက် မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပြီး ရပ်ကွက် နဲ့လူမှုကူညီရေး အသင်းတွေကလည်း ၀ိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ကြပါတယ်။

ဒီမီးလောင်မှုမှာ လူဦးရေ ၃ ရာကျော် မီးဘေး ဒုက္ခရောက်ခဲ့ ကြတယ်လို့လည်း သိရပြီး ၄င်းတို့ကို အနီးအနားက ထွန်တုံး ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေး စခန်းဖွင့် စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*