သတ်​မှတ်​ရက်​ အတွင်း ရွေးကောက်ပွဲ ကုန်​ကျစားရိတ် ​မတင်​တဲ့ ကော့မှူးက ကိုယ်​စား​လောင်း အပါအဝင် ၂ ဦးကို အရည်​အချင်း ပျက်​သူ အဖြစ်​​ရွေးကော်ကြေညာ

သတ်​မှတ်​ရက်​ အတွင်း ရွေးကောက်ပွဲ ကုန်​ကျစားရိတ် ​မတင်​တဲ့ ကော့မှူးက ကိုယ်​စား​လောင်း အပါအဝင် ၂ ဦးကို အရည်​အချင်း ပျက်​သူ အဖြစ်​​ရွေးကော်ကြေညာ
July 6, 2017 Asian Fame

5:25 pm
သတ်​မှတ်​ရက်​ အတွင်း ရွေးကောက်ပွဲ ကုန်​ကျစားရိတ် ​မတင်​တဲ့ ကော့မှူးက ကိုယ်​စား​လောင်း အပါအဝင် ၂ ဦးကို အရည်​အချင်း ပျက်​သူ အဖြစ်​​ရွေးကော်ကြေညာ

၁

2

(ရန်ကုန် ဇူလိုင် ၆)

သတ်မှတ်ရက် အတွင်း ရွေးကောက်ပွဲ ကုန်ကျ စားရိတ် တင်သွင်းနိုင်ခြင်း မရှိခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းနှစ်ဦး ကို အရည်အချင်း ပျက်ယွင်းသူများအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ပဲ ကြေငြာလိုက်ပါတယ်။

၎င်းတို့ကို အခုလိုကြေညာဖို့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခုံရုံး ၃ရုံးဖွဲ့ပြီး စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။

အခုလို ကြေညာခံရတဲ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဦးဇော်ထွန်း နဲ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှ ဦးညွန့်လှိုင်တို့ဟာ လက်ရှိလွှတ်တော် သတ်တမ်း အတွင်း ကျင်းပတဲ့ ဘယ်ရွေးကောက်ပွဲ ကိုမှ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရနိုင်တော့ပါဘူး။ ဒါပေမဲ့ နောက်လာမယ့်လွှတ်တော် သက်တမ်းအသစ်တွေမှာတော့ ဝင်ရောက် ရွေးချယ်ခံနိုင်ပါတယ် လို့ရွေးကောက်ပွဲ ဆိုင်ရာ ဥပ ဒေ များမှာပါပါတယ်။

လွှတ်တော် ကိုယ်စားလှယ်လောင်းတိုင်း ဟာ ရွေးကောက် တင်မြောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ် အမည် စာရင်း ကြေငြာ တဲ့နေ့မှစပြီး ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို ဥပဒေသတ်မှတ်ချက်နဲ့အညီ သက်ဆိုင်ရာ ကော်မရှင်အ ဖွဲ့ခွဲ ကို တင်သွင်းရတာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပါတီ ၂၄ ခုနဲ့ တစ်သီးပုဂ္ဂလမှ ဝင်ရောက်ပြိုင်သူ စုစုပေါင်း ကိုယ်စား လှယ် ၉၅ ဦးရှိခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*