အမျိုးသမီး သံအမတ်ကြီး ၁ဦးကို NLD အစိုးရ ခန့်အပ်

အမျိုးသမီး သံအမတ်ကြီး ၁ဦးကို NLD အစိုးရ ခန့်အပ်
July 5, 2017 Asian Fame

12:34 pm
အမျိုးသမီး သံအမတ်ကြီး ၁ဦးကို NLD အစိုးရ ခန့်အပ်

Women(နေပြည်တော်၊ ဇူလိုင်၅)

NLD အစိုးရ က အင်ဒိုနီးရှား နိုင်ငံအတွက် အမျိုးသမီး သံအမတ်ကြီး ၁ဦးကို ယမန်နေ့က ခန့်အပ်ခဲ့သည်။

အမျိုးသမီး သံအမတ်ကြီး အဖြစ် ခန့်အပ်ခံ လိုက်ရသည့် သူက ဒေါ်အိအိခင်ဧ ဖြစ်ပြီး ၎င်းသည် အမေရိကန် နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာမြန်မာ အမြဲတမ်း ကိုယ်စားလှယ် ရုံးတွင် ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် တာဝန်အဖြစ် တာဝန် ထမ်းဆောင်နေ သူ ဖြစ်သည်။

19702302_1485271928201751_40273937328562147_n

အစိုးရသက်တမ်း တစ်နှစ်ကျော် ကာလ အတွင်း သံအမတ်ကြီး အပြောင်းအရွှေ့ ၊ပူးတွဲ ခန့်အပ်မှုနှင့် အသစ် ခန့်ထားမှု စုစုပေါင်း ၂၆ ကြိမ် ပြုလုပ်လိုက်မှုတွင် အမျိုးသမီး တစ်ဦးကို သံအမတ်ကြီး အဖြစ် ခန့်အပ်မှုက ယခုတစ်ကြိမ်သာ ရှိသေးသည်။

လွတ်လပ်ရေးရပြီးနောက် အမျိုးသမီး သံအမတ်ကြီး အဖြစ် ပထမဦးဆုံး ခန့်အပ်ခံလိုက်ရသူသည် ဗိုလ်ချုပ် ကတော် ၊ဒေါ်အောင်ဆန်း စုကြည် ၏ မိခင် ဒေါ်ခင်ကြည်ဖြစ်ပြီး သူမပြီးနောက်ပိုင်း တပ်မတော် အစိုးရ လက်ထက်အထိ မည်သူ တစ်ဦး တစ်ယောက်မှ အမျိုးသမီး သံအမတ်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးခြင်း မခံရတော့ပေ။

သမ္မတ ဦးသိန်းစိန် လက်ထက် ကျမှသာ နော်ဝေနှင့် ဂျာမနီ နိုင်ငံတို့အတွက် အမျိုးသမီး သံအမတ်ကြီး ၂ဦးကို ပြန်လည် ခန့်အပ်ခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် တာဝန် ထမ်းဆောင်နေကြသည့် အမျိုးသမီး သံအမတ်ကြီး ၃ဦး ရှိနေပြီး ၎င်းတို့မှာ ဒေါ်မော်မော် ၊ဒေါ်ယဉ်ယဉ်မြင့် နှင့် ဒေါ်အိအိခင်ဧ တို့ဖြစ်ကြသည်။

PN-051

Comment (1)

  1. What the fuck! Who appoints ambassadors?traitor Liar Usurper Sanction Inviter Deceiver Suu Chee Aris? She must resign. Fuck her outbof Burma. FHOOB!

Leave a reply

Your email address will not be published. Required fields are marked *

*