တီဘီဆေးများ သောက်နေရ သဖြင့် စိတ်ကျရောဂါ ခံစားနေရသည့် အလုံမြို့နယ်မှ အမျိုးသမီး တစ်ဦး နေအိမ် တိုက်ခန်းပေါ်မှ ခုန်ချ

တီဘီဆေးများ သောက်နေရ သဖြင့် စိတ်ကျရောဂါ ခံစားနေရသည့် အလုံမြို့နယ်မှ အမျိုးသမီး တစ်ဦး နေအိမ် တိုက်ခန်းပေါ်မှ ခုန်ချ
July 4, 2017 Asian Fame

11:46 am
တီဘီဆေးများ သောက်နေရ သဖြင့် စိတ်ကျရောဂါ ခံစားနေရသည့် အလုံမြို့နယ်မှ အမျိုးသမီး တစ်ဦး နေအိမ် တိုက်ခန်းပေါ်မှ ခုန်ချ

Ahlone(ရန်ကုန်၊ ဇူလိုင် ၄)

ဇူလိုင်လ ၄ရက်နေ့ နံနက် ၇နာရီ အချိန်ခန့်တွင် အလုံမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အလုံမြို့နယ်၊ လွတ်လပ် ရေး ရပ်ကွက်၊ အောင်ဇေယျ လမ်းတွင် အမျိုးသမီးတစ်ဦး နေအိမ် တိုက်ခန်းပေါ်မှ ခုန်ချခဲ့သည်။  ရဲက စစ်ဆေးခဲ့ရာ အဆိုပါနေရာရှိ (၆)လွှာ တိုက်ခန်းပေါ်မှ ခုန်ချသူမှာ မ——ဖြစ်ပြီး လွန်ခဲ့သော (၂)နှစ်ခန့်မှ စ၍ တီဘီဆေး များသောက်နေရ သဖြင့် စိတ်ကျရောဂါ ခံစားနေရသူဖြစ်ကြောင်း၊ ၎င်းသည် တိုက်ပေါ်မှ ခုန်မချမီ ရေအိမ် အသုံးပြုသော ကြွေဂျီး ချွတ်ဆေး အနည်းငယ်သောက်ကာ ၀ရန်တာ မှနေ၍ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။  ယင်းသို့ ခုန်ချခဲ့သဖြင့် ၀ဲ/ယာခြေချောင်းများနှင့် ခြေသလုံး တို့တွင် ဒဏ်ရာများ ရရှိခဲ့ သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်း ရရှိပါသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*