ထိုင်းရှိ မြန်မာနိုင်ငံသား ရေလုပ်ငန်း လုပ်သားများကို ထိုင်းရေလုပ်ငန်း ဦးစီးဌာနက Sea Book ထုတ်ပေးပြီး မြန်မာ အစိုးရမှ CI ထုတ်ပေးမည်

ထိုင်းရှိ မြန်မာနိုင်ငံသား ရေလုပ်ငန်း လုပ်သားများကို ထိုင်းရေလုပ်ငန်း ဦးစီးဌာနက Sea Book ထုတ်ပေးပြီး မြန်မာ အစိုးရမှ CI ထုတ်ပေးမည်
July 3, 2017 Asian Fame

2:16 pm
ထိုင်းရှိ မြန်မာနိုင်ငံသား ရေလုပ်ငန်း လုပ်သားများကို ထိုင်းရေလုပ်ငန်း ဦးစီးဌာနက Sea Book ထုတ်ပေးပြီး မြန်မာ အစိုးရမှ CI ထုတ်ပေးမည်

(ရန်ကုန်၊ ဇူလိုင် ၃)

ထိုင်းရေလုပ်ငန်း ဥိးစီးဌာနက ထိုင်းရှိ ပင်လယ်ထွက်ကုန်လုပ်ငန်းများ၌လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို TR-38 ကဒ်နှင့် အလား သဏ္ဍာန် တူသည့် Sea Book စာအုပ်ထုတ်ပေးမည်ဖြစ်ရာ ယင်းလုပ်သားများထဲမှ မြန်မာလုပ်သားများကို မြန်မာအစိုးရက CI စာအုပ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်း ပင်လယ်ထွက်ကုန်လုပ်ငန်း လုပ်ကိုင်သော အလုပ်သမားများကို ထိုင်းအစိုးရက ယခင် TR-38 ခေါ်ဘတ်ကဒ် များထုတ်ပေးခဲ့ပြီး ယခုနောက်ပိုင်းတွင် ထပ်မံ ထုတ်ပေးခြင်း မရှိတော့ပေ။

သက်တမ်းကုန် ဆုံးသွားပြီး TR-38 များကို သက်တမ်း တိုးပေးခြင်းသာ ဆက်လက်ပြုလုပ်ပေးလျက် ရှိသည်။ ယင်း TR-38 များကို ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ထုတ်ပေးခြင်းဖြစ်သည်။

ယခုမူ ထိုင်း ငါးလုပ်ငန်း ဦးစီးဌာနက ရေထွက်ကုန် လုပ်ငန်းရှိ နိုင်ငံခြားသား အလုပ်သမားများ အားလုံးကို Sea Book ထုတ်ပေး မည်ဖြစ်ရာ ယင်း Sea Book ရမည့် မြန်မာအလုပ်သမားများအားလုံးကို မြန်မာအစိုးရဘက်မှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် CI စာအုပ်ထုတ်ပေးရန် ထိုင်းအစိုးရ တောင်းဆိုကြောင်း အလုပ်သမားနှင့် လ၀က ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြော သည်။

ယင်း Sea Book ရရှိမည့် မြန်မာ အလုပ်သမားများကို ယခု CI စာအုပ်ထုတ်ပေးလျက် ရှိသော စခန်းများတွင် ထုတ်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

“TR-38 ကဒ်ရထားတဲ့ သူတွေကို CI ထုတ်ပေးနေသလို Sea Book ထုတ်ပေးမယ့် ရေလုပ်သားတွေကိုလည်း CI ထုတ်ပေးဖို့ ထိုင်း ဘက်ကပြောတယ်။ ဒါကြောင့် အခု CI ထုတ်ပေးတဲ့စခန်းတွေမှာပဲ ဒီ Sea Book ရမယ့် အလုပ်သမားတွေကို CI ဆက်ထုတ်ပေးမယ်။ ဒီ TR-38 ရော ၊ Sea Book ရော ၂ ခုစလုံးကအကျုံးဝင်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် ထိုင်းရှိ CI ထုတ်ပေးနေသည့် စခန်းများမှ CI စာအုပ်ထုတ်ပေးလိုက်သော TR-38 ကဒ်ကိုင် မြန်မာနိုင်ငံသားရေလုပ်သား ၄၀၀၀၀ ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*