ယခင်အစိုးရ လက်ထက်က ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို စတင် စစ်ဆေးနေပြီ

ယခင်အစိုးရ လက်ထက်က ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို စတင် စစ်ဆေးနေပြီ
July 3, 2017 Asian Fame

12:23 pm
ယခင်အစိုးရ လက်ထက်က ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို စတင် စစ်ဆေးနေပြီ

UMawThan(နေပြည်တော် ၊ ဇူလိုင် ၃)

ယခင်အစိုးရ လက်ထက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို စတင် စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက် များကို နိုင်ငံတော်သမ္မတ နဲ့ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ သွားမယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောပါတယ်။

“ရလာဒ်တွေ တရားဝင် ထုတ်ပြန်ဖို့က ဥပဒေကြောင်း အတိုင်းပေါ့ သမ္မတနဲ့ လွှတ်တော်ကို တင်ပြီးရင်တော့ ပြည်သူတွေ သိရမှာပါ။”လို့ သူကပြောပါတယ်။

ဇူလိုင်၃ ရက်နေ့က ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေး အပြီးမှာ သတင်း မီဒီယာတွေကို ယခုလိုပြောကြား ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ဆေးဆဲ ကာလဖြစ်လို့ အသေးစိတ် ကို မပြောကြားနိုင်သေးဘူး လို့ သူကဆိုပါတယ်။

စစ်ဆေးမှုတွေ ကတော့ ဒီနှစ်အတွင်းမှာ ပြီးပြတ်မယ် လို့လည်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားခဲ့ပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*