လွှတ်တော်အဆောက်အဦးသစ်က ချို့ယွင်းမှုတွေရှိနေတာကြောင့် စိတ်တိုင်း ကျမှုတော့မရှိဘူးလို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးအောင်ကျော်ဦးပြော

လွှတ်တော်အဆောက်အဦးသစ်က ချို့ယွင်းမှုတွေရှိနေတာကြောင့် စိတ်တိုင်း ကျမှုတော့မရှိဘူးလို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးအောင်ကျော်ဦးပြော
July 1, 2017 Asian Fame

3:41 pm
လွှတ်တော်အဆောက်အဦးသစ်က ချို့ယွင်းမှုတွေရှိနေတာကြောင့် စိတ်တိုင်း ကျမှုတော့မရှိဘူးလို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးအောင်ကျော်ဦးပြော

19601619_1480558708673073_1237139899028746846_n

မန္တလေး၊ဇူလိုင်၁

ပြည့်စုံစွာဖွဲ့စည်းတည်ဆောက်ထားတယ်လို့ဆိုတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်အဆောက်အဦးသစ်က ချို့ယွင်းမှုတွေရှိနေတာကြောင့် စိတ်တိုင်း ကျမှုတော့မရှိဘူးလို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးအောင်ကျော်ဦးက ဒီနေ့မနက်ပိုင်းကကျင်းပပြုလုပ်တဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်ပြောပါတယ်။
“စိတ်တိုင်းကျမှုရှိလားဆိုတော့ သုံးထားတဲ့ပစ္စည်းအရည်အသွေးတွေကသိပ်ပြီးတော့မကြိုက်ဘူးပေါ့၊ တစ်ချို့ဟာတွေဆိုရင် ပြန်ပြင်ရတယ်၊ အခုမှဖွင့် တာဆိုပေမယ့် တံခါးတွေဘာတွေကပြန်လဲထားရတာပါ၊ ဟိုတလောကမိုးရွာတော့ မျက်နှာကြက်ပြုတ်ကျတယ်၊ မီးဆိုင်းတွေလည်းကွဲသွားတယ်၊ စည်းကမ်းချက်ထဲမှာ နှစ်နှစ်အာမခံရှိတော့သူတို့ပဲပြန်ပြင်ပေးတာပါ၊ မိုးမလုံတာလေးတွေရှိတာကိုလည်း ပြန်လုပ်သွားမှာပါ” လို့ ဥက္ကဌဦးအောင်ကျော်ဦးကဆိုပါတယ်။
ဖွင့်ပွဲအခမ်းအနားအပြီး သတင်းထောက်တွေရဲ့မေးခွန်းနဲ့ပတ်သက်ပြီး ၄င်းကဖြေဆိုလိုက်တာလည်းဖြစ်ပြီး အရည်အသွေးစစ်တဲ့အဖွဲ့ရဲ့ ထောက်ခံချက် တွေကြောင့်သာ လက်ခံထားရတာပါလို့လည်း ၄င်းကပြောပါတယ်။
အရည်အသွေးစစ်တဲ့အဖွဲ့က ဒါတွေဟာပြည့်စုံတယ်၊ ထောက်ခံချက်တွေပေးထားတယ်ဆိုတာကြောင့် လွှတ်တော်အကြီးအကဲတွေဘက်က အများသ ဘောတူညီချက်နဲ့လက်ခံခဲ့ရတာလို့သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မနက် ၈ နာရီကကျင်းပပြုလုပ်ခဲ့တာမှာ ပြည်သူ့လွှတ်တော်ဥက္ကဌဦး ၀င်းမြင့်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးသွားခဲ့တာပါ။
အရင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်က စတင်ပန္နက်ချတည်ဆောင်ခဲ့တဲ့ဒီအဆောက်အဦသစ်ဟာ အစိုးရသစ်လက်ထက်ပြီးခဲ့တဲ့လပိုင်းက မှ တည်ဆောက်ပြီးစီးသွားခဲ့တာဖြစ်ပြီး အစိုးရနှစ်ဆက်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၇၁၅ ဒသမ ၈၄ နဲ့တည်ဆောက်ခဲ့တာလို့လည်းသိရပါ တယ်။
၂၀၁၆ ခုနှစ် မတ် ၁၀ ရက်မှာ အဆောက်အဦအပြီးအပ်နှံဖို့ စာချုပ်စည်းကမ်းရှိခဲ့ပေမယ့်လည်း တင်ဒါအောင်မြင်တဲ့ကုမ္ပဏီဘက်က အပ်နှံနိုင်ခြင်းမရှိသလို ဒီကိစ္စနဲ့ပတ်သက်လို့လည်း အရင်အစိုးရကဒဏ်ငွေရိုက်တာမျိုးမလုပ်ခဲ့ဘူးလို့သိရပြီး အစိုးရသစ်လက်ထက်မှာတော့ ထပ်မံပြီး သတ်မှတ်ရက်ထက်နောက်ကျခဲ့တာကြောင့် ဒဏ်ငွေကျပ်သိန်းတစ်ထောင်ရိုက်ခဲ့ရတယ်လို့လည်း လွှတ်တော်ဥက္ကဌကပြောပါတယ်။
တည်ဆောက်ပြီးစီးသွားလို့ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့ ဒီအဆောက်အဦသစ်မှာ လူ ၁၅၀ ဆံ့အစည်းအဝေးကျင်းပမယ့်ခန်းမကျယ်တစ်ခုပါဝင်ပြီး၊ လွှတ်တော် ကော်မတီ ၁၄ ခုအတွက် အစည်းအဝေးခန်းမ ၁၄ ခုပြင်ဆင်ထားတယ်လို့သိရပြီး လွှတ်တော်ကိုယ်စားလှယ်နားနေခန်း၊ စာကြည့်တိုက်၊ ဆေးခန်း၊ မော် ကွန်းတိုက်၊ လူထုကြားနာပွဲတွေအစည်းအဝေးပွဲတွေအတွက် အစည်းအဝေးခန်းမတွေ၊ သဘင်ဆောင်တွေလည်းပါဝင်ပါတယ်။
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးကို လာမယ့်ဇူလိုင် ၄ ရက်မှာပြန်လည်ကျင်းပတော့မှာဖြစ်တဲ့အတွက် အဲဒီရက်ကစ လို့ ဒီလွှတ်တော်သစ်မှာပဲ အစည်းအဝေးတွေကျင်းပသွားမှာဖြစ်ပြီး မီဒီယာတွေကိုလည်း ထုတ်ပြန်ထားတဲ့စည်းကမ်းတွေနဲ့အညီ လွတ်လပ်စွာသတင်း ယူခွင့်ပေးသွားမှာဖြစ်တယ်လို့ လွှတ်တော်ဥက္ကဌဦးအောင်ကျော်ဦးကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*