ရက်၁၂၀ ဆိုင်းငံ့ကာလအတွင်း အထောက်အထားလုပ်ဖို့နဲ့ အလုပ်သမားရုံးတွေကတစ်နာရီအတွင်း ပြီးပြတ်အောင်ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရပြောထားဟုဆို

ရက်၁၂၀ ဆိုင်းငံ့ကာလအတွင်း အထောက်အထားလုပ်ဖို့နဲ့ အလုပ်သမားရုံးတွေကတစ်နာရီအတွင်း ပြီးပြတ်အောင်ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရပြောထားဟုဆို
July 1, 2017 Asian Fame

6:35 pm
ရက်၁၂၀ ဆိုင်းငံ့ကာလအတွင်း အထောက်အထားလုပ်ဖို့နဲ့ အလုပ်သမားရုံးတွေကတစ်နာရီအတွင်း ပြီးပြတ်အောင်ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရပြောထားဟုဆို

19510317_1920081884912049_3562832080663759840_n

ရန်ကုန်၊ ဇူလှိုင် ၁

ဖမ်းဆီးထောင်ချမှု ရက် ၁၂၀ ဆိုင်းငံ့ထားချိန်အတွင်း အထောက်အထားလုပ်ကြဖို့ နဲ့ အလုပ်သမားရုံးတွေက တစ်နာရီအတွင်း အထောက်အထားပြီးပြတ်အောင်ထုတ်ပေးဖို့ ထိုင်းအစိုးရက ပြောဆိုထားတယ်လို့ သိရပါတယ်။

တရားမ၀င်နိုင်ငံခြားသားအလုပ်သမားတွေအပေါ် ယခင်ထက် လေးဆ ဖမ်းဆီးဒဏ်ရိုက်ထောင်ချမယ့်ဥပဒေ ကျင့်သုံးခြင်းကို ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ပေးထားချိန်အတွင်းမှာ အထောက်အထားမပြည့်စုံတဲ့အလုပ်သမားတွေ အနေနဲ့ သက်ဆိုင်ရာအလုပ်သမားရုံးတွေမှာ လျှောက်ထားကြဖို့ ထိုင်းအစိုးက ပြောဆိုထားတာဖြစ်တယ်လို့ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးစုံစမ်းရေးအထူးအဖွဲ့ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်

” ထိုင်းအစိုးရက ဒီဥပဒေထုတ်ပြီးနောက်မှာ ဖမ်းဆီး တာတွေရှိလို့ ၀န်ကြီးဟောင်းတစ်ချို့က ဒီဟာမဖြစ်သင့်ဘူးလို့ တင်ပြကြတယ်။ NGO တွေလည်းတင်ပြတယ်။ အလုပ်ရှင်ကလည်းတင်ပြတယ်။

ဒါကြောင့် ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင် က ဇွန် ၃၀ ရက်နေ့ မနက်အစည်းအဝေးမှာ ရက်ပေါင်း ၁၂၀ အနားပေးမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီဆိုင်ငံ့ထားတဲ့ကာလမှာ အထောက်အထားမပြည့်စုံတွေက အလုပ်သမားရုံးတွေမှာ အထောက်အထားသွားလျှောက်ဖို့ ပြောတယ်။ work permit လျှောက်တာ ၊ အလုပ်ရှင်သူဌေးပြောင်းတာတွေပေါ့။ အလုပ်သမားရုံးတွေကလည်း တစ်နာရီအတွင်း ပြီးစီးအောင် လုပ်ပေးဖို့ ပြောထားတယ်” လို့ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

” နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေ” စီမံချက်အရ ထိုင်းနိုင်ငံမှာ
တရားမ၀င်နေထိုင်လုပ်ကိုင်သူအလုပ်သမားတွေအပေါ် ဒဏ်ငွေ ဘတ် လေးသိန်းအထိ ဒဏ်ရိုက်မယ့် ကိစ္စ၊ထောင်ချမယ့် ကိစ္စတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ ထိုင်းအစိုးရကကြေညာခဲ့ပါတယ်

ကြေညာပြီးနောက်ပိုင်း ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ များစွာရှိခဲ့ပါတယ်။အခုထိလည်းရှိနေပါတယ်။
ဒီကနေ့ ထိဆို ခန့်မှန်းချေ ၃၀၀၀ ကျော်လောက်ရှိနေပြီလို့ ထိုင်းအခြေစိုက်အလုပ်သမားအဖွဲ့တွေကဆိုပါတယ်။

ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ကတည်းက တရားမ၀င်သွားရောက်လုပ်ကိုင်တဲ့မြန်မာလုပ်သားတွေရှိခဲ့တာဖြစ်ပါတယ်။ဒီကနေ့ထိဆိုရင် တရားမ၀င်ရောက်သွားပြီး အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၃ သန်းလောက်ရှိတယ်လို့ NGO အဖွဲ့တွေက ခန့်မှန်းပြောဆိုထားပါတယ်။

” ပြစ်ဒဏ်လေးဆတိုးလိုက်တော့ အလုပ်ရှင်ရော အလုပ်သမားတွေရော မနေရဲတော့ဘူးဖြစ်သွားတာ။ အခုလို အဆင်ပြေသလိုတွေ ပြန်လာတော့
နယ်စပ်ရောက်ရင် ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ လူကုန်ကူးတဲ့ ပွဲစားတွေနဲ့တွေ့သွားရင် ပြဿနာရှိတယ် ” လို့ ဦးအောင်မျိုးသန့်က ဆက်ဆိုပါတယ်။

ရဲလွင်
Photo- မြ၀တီမြို့ ၉၉၉ ဂိတ်မှ မြန်မာနိုင်ငံတွင်းပြန်လာသော ရွှေ့ပြောင်းလုပ်သားများ
Credit- Zin Moe Facebook

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*