နောက်​​ဖေးလမ်းကြားမှာ ကလေးငယ်တွေ အတွက် ပန်းချီလာဆွဲပေးတဲ့ အေးမြတ်သူ

နောက်​​ဖေးလမ်းကြားမှာ ကလေးငယ်တွေ အတွက် ပန်းချီလာဆွဲပေးတဲ့ အေးမြတ်သူ
June 29, 2017 Asian Fame

2:11 pm
နောက်​​ဖေးလမ်းကြားမှာ ကလေးငယ်တွေ အတွက် ပန်းချီလာဆွဲပေးတဲ့ အေးမြတ်သူ

aye(ရန်ကုန် ၊ ဇွန် ၂၉)

ရုပ်ရှင် သရုပ်ဆောင်အေးမြတ်သူ ဟာ ပန်းပဲတန်းမြို့ နယ် (၃၂)လမ်း လမ်းကြားမှာ ဒီကနေ့ လာရောက် ပန်းချီရေးဆွဲ ပေးခဲ့ပါတယ်။ “အခုလို လုပ်တာဟာ အလွန်ကို ကောင်းပါတယ်။ နောက်ဖေး လမ်းကြား လို့တောင် မထင်ရပါဘူး။ ဥယျာဉ်တစ်ခုလို ထင်ရပါတယ်။ စိတ်ကို ကြည်လင် သွားစေပါတယ်။ နောက်ထပ်လဲ ဒါမျိုးတွေကို ထပ်ပြီးတော့ ပူးပေါင်း လုပ်စေချင်ပါတယ်” လို့ အေးမြတ်သူ က ပြောပါ တယ်။

နောက်ဖေးလမ်းကြားတွေမှာ ဥယျာဉ် တစ်ခု အသွင် လုပ်ဆောင်နေတဲ့ ဒို့အိမ် စီမံချက်မှာ လာရောက်ပူးပေါင်း ရေး ဆွဲပေးတာဖြစ်ကြောင်း သိရပါတယ်။ ဇွန်လ ၂၄ ရက်နေ့ ကလည်း ၈၈ ငြိမ်း/ပွင့်မှ ဦးမင်းကိုနိုင် ဟာ အဆိုပါ လမ်းကြားမှာ လာရောက်ပန်းချီ ဆွဲပေးခဲ့ပါတယ်။ ဒို့အိမ်ပရော့ဂျက်ဟာ နောက်ဖေးလမ်းကြားတွေ ကို ကလေးငယ်များ အနားယူ ဆော့ကစားချင်စရာ ဥယျာဉ်တစ်ခုဖြစ်အောင် နံရံဆေးရေး ပန်းချီများ၊ ဂရက်ဖတီ ရေးဆွဲမှုများ၊ ပန်းပင်များနဲ့ အလှဆင်တာ ဖြစ်ပါတယ်။ ဒို့ အိမ်ရဲ့  ဒုတိယမြောက်နောက်ဖေး လမ်း ကြားဥယျာဉ်ကို ၃၉ လမ်းနဲ ဆိပ်ကမ်းသာလမ်းအလယ်ဘ လောက်မှာ ဖွင့်လှစ်ပြီး ဖြစ်တယ်လို့သိရ ပါတယ်။

ဝေရှိုင်းကျော်

ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*