သဘာဝသယံဇာတကဏ္ဍစီမံအုပ်ချုပ်သည့်အပိုင်းတွင် မြန်မာသည် ညံ့ဖျင်းအဆင့်တွင်ရှိကြောင်း (NRGI) ထုတ်ပြန်

သဘာဝသယံဇာတကဏ္ဍစီမံအုပ်ချုပ်သည့်အပိုင်းတွင် မြန်မာသည် ညံ့ဖျင်းအဆင့်တွင်ရှိကြောင်း (NRGI) ထုတ်ပြန်
June 29, 2017 Asian Fame

11:14 am
သဘာဝသယံဇာတကဏ္ဍစီမံအုပ်ချုပ်သည့်အပိုင်းတွင် မြန်မာသည် ညံ့ဖျင်းအဆင့်တွင်ရှိကြောင်း (NRGI) ထုတ်ပြန်
Photo - Hkun Lat

Photo – Hkun Lat

ရန်ကုန်၊ဇွန် ၂၉

သဘာဝသယံဇာတကဏ္ဍကို စီမံအုပ်ချုပ်သည့်အပိုင်းတွင် မြန်မာနိုင်ငံသည် ညံ့ဖျင်းသောအဆင့်တွင်ရှိနေကြောင်း Natural Resource Governance Institute (NRGI) က သတ်မှတ်လိုက်သည်။

၂၀၁၇ ခုနှစ် သယံဇာတ စီမံခန့်ခွဲမှု အညွှန်းကိန်း (Resource GovernanceIndex) သည် နိုင်ငံများအနေဖြင့် မိမိတို့၏ သဘာဝသယံဇာတများအား ကြီးကြပ်စီမံနိုင်မှုစွမ်းရည်ကို အကဲဖြတ်သည့် ကမ္ဘာလုံးဆိုင်ရာ အညွှန်းကိန်းဖြစ်သည်။မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ ကျောက်မျက်ရတနာ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတို့ကို အုပ်ချုပ်ရာတွင် ညံ့ဖျင်းသော(သို့) ကျရှုံးသောအဆင့်သာရှိကြောင်း ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်သော NRGI ၏ အစီရင်ခံစာတွင်ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာ့ကျောက်မျက်ရတနာကဏ္ဍ ကို အကဲဖြတ်ရာတွင် နိုင်ငံတကာအကဲဖြတ်ချက် ၈၉ ခုအနက် အဆင့် ၈၃ ရှိပြီး အမှတ် ၁၀၀ ၌ ၂၇ မှတ်သာရရှိကြောင်း ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ တွင် အကဲဖြတ်ချက် ၈၉ ခုအနက် အဆင့် ၇၇ ရှိပြီး အမှတ် ၁၀၀ တွင် ၃၁ မှတ်သာရရှိကြောင်း NRGI ကဖော်ပြသည်။ယင်းကြောင့် မြန်မာနိုင်ငံသည် ကျရှုံး(သို့) ညံ့ဖျင်းသော အဆင့်ဟု သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ ကျောက်မျက်ရတနာ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတို့ကို အုပ်ချုပ်ရာတွင်အားနည်းမှုများရှိနေပြီး ပိုမိုကောင်းမွန်သော ကြီးကြပ်ကွပ်ကဲမှု ၊ ပွင့်လင်းမြင်သာမှုဆိုင်ရာ အစီအမံများ ၊ ပြင်ဆင်ထားသည့်ဥပဒေနှင့် ဘဏ္ဍာရေးဆိုင်ရာမူဘောင်များကို အရေးတကြီးလိုအပ်နေကြောင်း NRGI ကဝေဖန်သည်။

ယင်းအပြင် ကျောက်စိမ်းမှရရှိသော ၀င်ငွေသည် မြန်မာနိုင်ငံ၏ ကာလရှည်ဖြစ်ပွားနေသော နိုင်ငံတွင်းပဋိပက္ခကို တစိတ်တစ်ပိုင်းထောက်ပံ့နေကြောင်း ၊ ကျောက်မျက်ကဏ္ဍ၏အဓိကပြဿနာမှာ ပွင့်လင်းမြင်သာမှုအားနည်းခြင်းဖြစ်ကြောင်း ၊ လုပ်ပိုင်ခွင့်လိုင်စင်ထုတ်ပေးသည့်လုပ်ငန်းစဉ် ၊ စာချုပ်များ ကုန်သွယ်သည့် ကုမ္ပဏီများနှင့်ယေဘုယျအားဖြင့် ကဏ္ဍတစ်ခုလုံးတွင် ပါဝင်ပတ်သတ်နေသည့် ပိုင်ရှင်အစစ်များသည် မည်သူဖြစ်သည်ဟူသောအချက်ကို အစိုးရအနေဖြင့် ထုတ်ပြန်မှုမရှိသလောက်ပင်ဖြစ်ကြောင်း NRGI က ထပ်လောင်းဆိုသည်။ယင်းအပြင် မြန်မာနိုင်ငံ၏ ကျောက်မျက်လိုင်စင်ချထားပေးမှုစနစ်သည် ကမ္ဘာပေါ်တွင် ပွင့်လင်းမြင်သာမှု ဒုတိယအနိမ့်ဆုံးဖြစ်ကြောင်း ဆိုသည်။

သယံဇာတ စီမံခန့်ခွဲမှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၈၁ နိုင်ငံမှ ကဏ္ဍ၈၉ခု ကို အကဲဖြတ်ထားပြီး သုတေသန ၁၅၀ တို့က သက်ဆိုင်ရာ စာတမ်းပေါင်း ၁၀၀၀၀ ခန့်ကို အခြေခံ၍ အရေးပါသည့်မေးခွန်း ၁၃၃ခုပါဝင်သည့် မူဘောင်ကို အသုံးပြု၍ အကဲဖြတ်ခဲ့ခြင်းဖြစ်ကြောင်း NRGI ကဆိုထားသည်။

ရဲလွင်
Photo – Hkun Lat

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*