လူမှုကွန်ရက်ပေါ်မှ စာကြောင့် ဘိုကလေးတွင် မူးယစ်မှု ၂ခုကို ဖော်ထုတ်ဖမ်းနိုင်ခဲ့ ဟု ဧရာတိုင်းရဲတပ်ဖွဲ့ ဆို

လူမှုကွန်ရက်ပေါ်မှ စာကြောင့် ဘိုကလေးတွင် မူးယစ်မှု ၂ခုကို ဖော်ထုတ်ဖမ်းနိုင်ခဲ့ ဟု ဧရာတိုင်းရဲတပ်ဖွဲ့ ဆို
June 29, 2017 Asian Fame

6:13 pm
လူမှုကွန်ရက်ပေါ်မှ စာကြောင့် ဘိုကလေးတွင် မူးယစ်မှု ၂ခုကို ဖော်ထုတ်ဖမ်းနိုင်ခဲ့ ဟု ဧရာတိုင်းရဲတပ်ဖွဲ့ ဆို

drug2

ပုသိမ်၊ဇွန် ၂၉

Facebook လူမှုကွန်ရက်စာမျက်နှာပေါ်က ဖော်ပြမှုမှတဆင့် ဘိုကလေးမြို့တွင် မူးယစ်မှု ၂ခုကို ဒေသဆိုင်ရာ ရဲက ယမန်နေ့က
ဖန်းဆီးရမိခဲ့ သည်ဟု ဧရာတိုင်းရဲတပ်ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ညနေ ၃နာရီ အချိန်က ဘိုကလေးမြို့၊ အမှတ်(၅)ရပ်ကွက်၊ တတိယ လမ်းရှိ အောင်တော်မူဘုရားရှေ့လမ်းမပေါ်တွင် စီးနင်းနေသည့် ဆိုင်ကယ် ၁စီးပေါ်တွင် ပင်နီစလင်ပုလင်းဖြင့်ထည့်လျက် ဘိန်းဖြူဟုယူဆရသော အ၀ါရောင်မှုန့် (၂)ပုလင်း၊ အလေးချိန်(၀.၇၇)ဂရမ်၊ ငွေစက္ကူရောရာ(၁၄၄၀၀ိ/-)နှင့် မူးယစ်ဆေးဝါးအသုံးပြုသည့် ဆက်စပ် ပစ္စည်းများ၊ယင်းနေ့ ညနေ ၄နာရီ ခွဲအချိန်က ဘိုကလေးမြို့၊ အမှတ်(၈)ရပ်ကွက်၊ ရတနာ(၃)လမ်း၊ အမှတ်(၁၃၅)နေ ဦးကြည်ခိုင်၊ (ဘ)ဦးသောင်းတင်၏နေအိမ် ခြံဝင်းအတွင်း ၌ WY စာတမ်းပါပန်းရောင်စိတ်ကြွှရူးသွှပ်ဆေးပြား (၁၈၆)ပြား၊ အလေးချိန် (၁၈.၆)ဂရမ် ခန့်နှင့် ငွေစက္ကူ ရောရာ(၅၂၅၀ိ/-)၊စုစုပေါင်းတန်ဖိုး (၉၃၅၂၅၀ိ/-) တို့ကို သိမ်းဆည်းရမိခဲ့သည် ဟု ဧရာတိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်ထဲ ဖော်ပြထားသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*