အတိုးနှုန်းများနေတဲ့ အတွက် တရုတ်ချေးငွေတွေကို ပြန်လည်ဆန်းစစ်ဖို့ ပုလဲအမတ် တောင်းဆို

အတိုးနှုန်းများနေတဲ့ အတွက် တရုတ်ချေးငွေတွေကို ပြန်လည်ဆန်းစစ်ဖို့ ပုလဲအမတ် တောင်းဆို
June 28, 2017 Asian Fame

1:59 pm
အတိုးနှုန်းများနေတဲ့ အတွက် တရုတ်ချေးငွေတွေကို ပြန်လည်ဆန်းစစ်ဖို့ ပုလဲအမတ် တောင်းဆို

ksh

နေပြည်တော် ၊ ဇွန် ၂၈

ပြည်ပချေးငွေ စုစုပေါင်းရဲ့ ၄၄ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံက ဖြစ်ပြီး အတိုးနှုန်းများနေတဲ့အတွက် ပြန်လည်စိစစ်သင့်တယ်လို့ပုလဲမဲဆန္ဒနယ်ကဒေါ်ခင်စန်းလှိုင်ကဒီနေ့ လွှတ်တော်မှာ တောင်းဆိုလိုက်ပါတယ်။သူက တရုတ်နိုင်ငံရဲ့ ချေးငွေ အတိုးနှုန်းဟာ ၄ဒသမ၅ရာခိုင်နှုန်း ရှိတယ်လို့ ပြောပါတယ်။

“တရုတ်နိုင်ငံရဲ့ ချေးငွေပမာဏ အတိုးနှုန်းဟာ ကျွန်မတို့နိုင်ငံရဲ့ ကြွေးမြီဝန်ထုတ်ဝန်ပိုးမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာ လက်ခံရမှာဖြစ်ပါတယ်၊ ဒါကြောင့်တရုတ်နိုင်ငံရဲ့ ချေးငွေတွေနဲ့ ပတ်သက်ပြီး စာချုပ်စာတမ်းတွေကို ပြန်လည် ဆန်းစစ်ခြင်း ၊ လျော့ပေါ့နိုင်တဲ့အခွင့်အလမ်းတွေရှိရင်နှစ်နိုင်ငံအစိုးရခြင်း ညှိနှိုင်းတာတွေကို နိုင်ငံတော်နဲ့နိုင်ငံသားအကျိုးရှေးရှုပြီး လုပ်ဆောင်သင့်ပါတယ်”လို့ သူမကပြောပါတယ်။

ယနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအတွင်း ၂၀၁၇ခုနှစ် ကာလလတ်ကြွေးမြီ စီမံခန့်ခွဲ မှု မဟာဗျူဟာထုတ်ပြန်ရေးနဲ့ စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့လေ့လာတွေ့ရှိချက် အစီရင်ခံစာအပေါ် ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးစဉ် အထက်ပါအတိုင်းပြောကြားခဲ့တာပါ။နိုင်ငံရဲ့ ပြည်ပကြွေးမှီ စုစုပေါင်း ဟာ အမေရိကန်ဒေါ်လာ သန်း၉၀၀၀ကျော်နဲ့ ပြည်တွင်းကြွေးမှီ ကျပ်သန်း ၁၈၀၀၀ကျော် ရှိကြောင်းသိရပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*