ယခုနှစ်မိုးရာသီ အကုန်မှစကာ ကျွန်းသစ်နှင့်သစ်မာ တန်ချိန် ငါးသိန်းနီးပါး ခုတ်သွားမည် ဟု မြန်မာသစ်လုပ်ငန်း ပြော

ယခုနှစ်မိုးရာသီ အကုန်မှစကာ ကျွန်းသစ်နှင့်သစ်မာ တန်ချိန် ငါးသိန်းနီးပါး ခုတ်သွားမည် ဟု မြန်မာသစ်လုပ်ငန်း ပြော
June 28, 2017 Asian Fame

3:21 pm
ယခုနှစ်မိုးရာသီ အကုန်မှစကာ ကျွန်းသစ်နှင့်သစ်မာ တန်ချိန် ငါးသိန်းနီးပါး ခုတ်သွားမည် ဟု မြန်မာသစ်လုပ်ငန်း ပြော

teak(ရန်ကုန် ၊ ဇွန် ၂၃)

တစ်နိုင်ငံလုံး သစ်ထုတ်လုပ်မူ ရပ်ဆိုင်းခဲ့ပြီးနောက် ယခု ဘဏ္ဍာနှစ် မှစကာ သစ်ထုတ်လုပ်မူ ပြန်လည် စတင်ထုတ်တော့ မည်ဖြစ်ကြောင်း မြန်မာ သစ်လုပ်ငန်းမှ ညွန်ကြားရေးမှူး ဦးစောဂျွန်ရွေဘ က ပြောသည်။  မြန်မာတစ်နိုင်ငံလုံး အတာအရ ယခုနှစ်တွင် ကျွန်းသစ် တန်ချိန် တစ်သောင်းခွဲ နှင့်သစ်မာ တန်ချိန်စုစုပေါင်း (၃) သိန်းခွဲ ထုတ်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
“၀န်ကြီးဌာန ကနေ ခွင့်ပြုချက် ရထားပြီးဖြစ်တယ်။ အခုနှစ် မိုးရာသီကုန်ရင်တော့ စထုတ် သွားမှာဖြစ်ပါတယ်။ အဓိက အနေနဲ့ က သစ်ထွက်တဲ့ဒေသတွေ သစ်လက်ကျန် ရှိသေးတဲ့ ဒေသတွေကို အဓိကထား ထုတ်လုပ်မှာဖြစ်ပါတယ်။” ညွန်ကြားရေးမှူး ဦးစောဂျွန်ရွေဘ က ဆက် ပြောသည်၊  အစိုးရက သစ်ထုတ်လုပ်ရာတွင် မူလ ရပ်ဆိုင်းထားသည့် ပဲခူးရိုးမ အနောက်ဘက်နှင့် အရှေ့ ဘက် အခြမ်းတို့ အပြင် မွန်ပြည်နယ် ၊ ကယားပြည်နယ် နှင့် ကရင်ပြည်တို့ တွင်လည်း သစ်ထုတ်လုပ်မူ ကို လုပ်မည် မဟုတ်ကြောင်း မြန်မာသစ်လုပ်ငန်းမှ သိရသည်။
“လိုအပ်တာတွေကိုပဲ အသုံးချ ထုတ်သွားမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေး နေရာတွေမှာ အဓိကထား အသုံးချမှာ ဖြစ်ပါတယ်။”ဟု ဦးစောဂျွန်ရွေဘက ပြောသည်။  ထိုအပြင် သစ်ထုတ်လုပ်မူများကို တစ်နှစ်ထက် တစ်နှစ် လျော့ချ ထုတ်လုပ်သွားမည် ဖြစ်ပြီး သစ်တော များပြန်လည်ကောင်း မွန်လာအောင် ထိန်းသိမ်း ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ၏ သစ်တော ပြုန်းတီးမှုသည် ကမ္ဘာ့အဆိုးဆုံး စာရင်းတွင် အဆင့်(၃)နေရာ တွင် ရှိနေပြီး ကျွန်းသစ် နှင့် သစ်မာပေါက်ရောက် မှုလျော့ကျလာသည့် အခြေအနေသို့ ရောက်ရှိနေသည်။  ယခင်က ပဲခူးရိုးမတွင် သစ်ပင်တစ်ရာလျှင် ကျွန်းပင် ၁၂ ပင်အထက် ပေါက်ရောက်သော် လည်း နှစ်ပေါင်းများစွာ သစ် ထုတ်လုပ်မှုများ နှင့် တရားမဝင် သစ်ခိုးထုတ်မှုများ ရှိလာခဲ့သဖြင့် ပဲခူး ရိုးမတောကြီး၏ ကျွန်းသစ် ပေါက်ရောက်မှုနှုန်း သည် တဖြည်းဖြည်း ကျဆင်းလာရာ ယခုအခါ သစ်ပင်တစ်ရာလျှင် ရှစ်ပင်အောက် သာ တွေ့ရှိရကြောင်း သိရသည်။  မြန်မာနိုင်ငံ၏ သစ်ထုတ် လုပ်မှု တစ်နှစ်ခန့် ရပ်ဆိုင်းကြောင်း ထုတ်ပြန်ပြီး လေးလ အကြာတွင် ပုဂ္ဂလိကကုမ္ပဏီများကို ထပ်ဆင့် လုပ်ကိုင်ခွင့်ပေးသည့် စနစ်ကိုပါ ဖျက်သိမ်းခဲ့သည်။
ယခု သစ်ခုတ်ရာသီတွင် သစ်ထုတ်လုပ်မှု ထက်ဝက်လျှော့ချမည့် အစီအစဉ်နှင့်အတူ ပုဂ္ဂလိက ကုမ္ပဏီများ သစ်ခုတ်ခွင့် ထပ်ဆင့် ကန်ထရိုက် စနစ်ကိုပါ ခွင့်ပြုလုပ်ကိုင်ပေးခြင်းကို မလုပ်ဆောင်တော့ကြောင်း သစ်တောဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဇော်မင်း က ပြောသည်။  ယခုအစိုးရ လက်ထက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် အတွင်း၌ တရား မဝင်သစ်စုစုပေါင်း ၄၁၇၅၈ ဒသမ ၁၁၃၇ တန်ကို ခိုးထုန်သည့် နိုင်ငံခြားသား ၁၁ ဦး ၊တရားခံနိုင်ငံသား ၆၃၆၃ ဦးတို့ကို ယာဉ်ယန္တရား ၂၁၁၀ စီး နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ဝေရှိုင်းကျော်
ဓါတ်ပုံ – အောင်နိုင်စိုး (ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*