အသက်ခြောက်နှစ်အောက် မသန်စွမ်း ကလေးငယ် အားလုံးနီးပါး ဘယ်လိုရှေးဦး ပြုစုပျိုးထောင်မှု ကိုမှ မရရှိခဲ့ဘူးလို့ ဧဒင်မသန်စွမ်း သက်ငယ်များ ပြုစုရာ ရိပ်မြုံစစ်တမ်းဆို

အသက်ခြောက်နှစ်အောက် မသန်စွမ်း ကလေးငယ် အားလုံးနီးပါး ဘယ်လိုရှေးဦး ပြုစုပျိုးထောင်မှု ကိုမှ မရရှိခဲ့ဘူးလို့ ဧဒင်မသန်စွမ်း သက်ငယ်များ ပြုစုရာ ရိပ်မြုံစစ်တမ်းဆို
June 28, 2017 Asian Fame

5:43 pm
အသက်ခြောက်နှစ်အောက် မသန်စွမ်း ကလေးငယ် အားလုံးနီးပါး ဘယ်လိုရှေးဦး ပြုစုပျိုးထောင်မှု ကိုမှ မရရှိခဲ့ဘူးလို့ ဧဒင်မသန်စွမ်း သက်ငယ်များ ပြုစုရာ ရိပ်မြုံစစ်တမ်းဆို

child(ရန်ကုန် ၊ ဇွန် ၂၈)

အသက်ခြောက်နှစ်အောက် မသန်စွမ်းကလေးငယ် အားလုံးနီးပါး ဘယ်လိုရှေးဦးပြုစု ပျိုးထောင်မှုကိုမှ မရရှိခဲ့ဘူးလို့ ဧဒင် မသန်စွမ်း သက်ငယ်များပြုစုရာ ရိပ်မြုံက တစ်နှစ်ကျော် စစ်တမ်းကောက်ပြီး ထုတ်ပြန်လိုက်ပါတယ်။ 

ကရင်ပြည်နယ် ၊ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း တို့ မှာရှိတဲ့ မြို့ နယ် ၇ ခုက မူလတန်းကျောင်း ၂၉ ကျောင်း ကို ရှေးဦးပြုစုခြင်း နဲ့ ကလေး ဖွံ့ ဖြိုးမှု အစီအစဉ်နဲ့ ပတ်သတ်ပြီး တွေ့ ဆုံစ စ်တမ်းကောက်ခဲ့ရာမှာ မသန်စွမ်း ကလေး ၇ ဦးသာ ရှေးဦးပြုစုပျိုးထောင်မှု ၀န်ဆောင်မှု ကို ရရှိခဲ့ပြီးတော့ မသန်စွမ်း ကလေးငယ်များကို ပတ်ဝန်းကျင်က လူသားဖြစ်ခြင်း တန်ဖိုးမှ လျစ်လျှူရှုထားဆဲပဲ လို့ ဧဒင် မသန်စွမ်း သက်ငယ်များပြုစုရာ ရိပ်မြုံမှ မန်နေးဂျင်းဒါရိုက်တာ ဦးထာအုပ်က ပြောပါတယ်။ 

” ဒါက မြန်မာနိုင်ငံမှာ ဘယ်အဖွဲ့ အစည်း မှလည်း အထူးပြုလုပ်ဆောင်တာမျိုးမရှိသေးပါ ဘူး။မသန်စွမ်းကလေးတွေကို ၀န်ဆောင်မှုပေး ဖို့ ဆိုတာမှာ ၀န်ဆောင်မှုပေးတဲ့ ကျောင်းတွေကို သွားဖို့ ထက် အတူနေတဲ့သူတွေ၊ မိဘတွေ ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင် က ပေးနိုင်ဖို့  လိုပါတယ်။ ကျောင်းတွေ ကိုသွားနိုင်ရင်တော့ ကောင်းတာပေါ့ ။ဒါပေမဲ့ ကျောင်းတွေကို သွား ဖို့ ဆိုတာက တစ်နိုင်ငံလုံး အနေအထား နဲ့ ကျအားနည်းနေ ပါသေးတယ်။” လို့ သူကပြောပါတယ်။

ဒါ့အပြင် ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ြ့ဖိုးရေး အခြေအနေတိုင်းတာ စစ်ဆေးမှုနဲ့ ပြန်လည် ထူထောင်ရေး အမျိုးသား အဆင့် မဟာဗျူဟာ လုပ်ငန်း စဉ်ကိုလည်း အကောင်အထည် ဖော်ဖို့ လိုအပ်နေတယ်လို့ လည်း သူကဆက်ပြောပါတယ်။  မြန်မာနိုင်ငံမှာ မသန်စွမ်းသူ အရေအတွက် ၄ . ၆ ရာခိုင်နှုန်း ရှိနေပြီး အသက် ၁၄ နှစ်အောက် မသန်စွမ်း ကလေးငယ်ပေါင်း တစ်သိန်း ကိုးသောင်းကျော် ရှိနေတယ်လို့  ၂၀၁၄ ခုနှစ်က ကောက်ခံထားတဲ့ သန်းခေါင်စာရင်းအရ သိရပါတယ်။ 

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနဟာ ၂၀၁၇ မှ ၂၀၂၁ ထိဆောင်ရွက်မယ့် ရှေးဦး အရွယ် ကလေး သူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ ဖြိုးရေး မူဝါဒကို ၂၀၁၄ ခုနှစ်ကတည်းက သဘောတူ လက်ခံထားတာပါ ။နိုင်ငံတော် အဆင့် မဟာဗျူဟာ လုပ် ငန်းစဉ်တွေကိုတော့ ယခုနှစ် ဧပြီလ က စတင်ဆောင်ရွက်တယ် လို့ ဧဒင်မသန်စွမ်း သက်ငယ်များပြုစုရာ ရိပ်မြုံမှ ထုတ်ပြန်တဲ့ စာရင်းအရ သိပါတယ်။  Diplomatic Mission of Myanmar ရဲ့ ပံ့ပိုးမှုနဲ့ ဧဒင် ရိပ်မြုံ ကနေပြီးတော့ ကလေးငယ် ၁ ၂၆ ဦးကို မသန်စွမ်း ကလေးငယ် ရှေးဦးပြုစုခြင်း အစီအစဉ်အနေနဲ့ ဆောင်ရွက်တယ် လို့် သိ ရပါတယ်။ 

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*