အစိုးရအ​နေနဲ့ နိုင်​ငံ့အလုပ်​သမားအ​ရေးကို မကြီးထွား​အောင်​ လုပ်​​ပေးစေချင်​ကြောင်း မြန်​မာနိုင်​ငံလုံးဆိုင်​ရာအလုပ်​သမားသမဂ္ဂများအဖွဲ့ချုပ် ရန်ကုန် ဥက္ကဌဆို

အစိုးရအ​နေနဲ့ နိုင်​ငံ့အလုပ်​သမားအ​ရေးကို မကြီးထွား​အောင်​ လုပ်​​ပေးစေချင်​ကြောင်း မြန်​မာနိုင်​ငံလုံးဆိုင်​ရာအလုပ်​သမားသမဂ္ဂများအဖွဲ့ချုပ် ရန်ကုန် ဥက္ကဌဆို
June 28, 2017 Asian Fame

12:36 pm
အစိုးရအ​နေနဲ့ နိုင်​ငံ့အလုပ်​သမားအ​ရေးကို မကြီးထွား​အောင်​ လုပ်​​ပေးစေချင်​ကြောင်း မြန်​မာနိုင်​ငံလုံးဆိုင်​ရာအလုပ်​သမားသမဂ္ဂများအဖွဲ့ချုပ် ရန်ကုန် ဥက္ကဌဆို

19429973_1470004616376832_8770434031251684568_nရန်ကုန်၊ ဇွန် ၂၈
ရန်ကုန်စက်မှုဇုံ၊ ဇေကမ္ဘာဝင်းရှိ အထည်ချုပ်စက်ရုံတစ်ရုံမှ အလုပ်သမား ၃၇၀ကျော်ကိုအလုပ်ထုတ်ခဲ့ခြင်းနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ဖိအားပေး ဟန့်တားကာ ပြဿနာမကြီးထွားအောင်လုပ်သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUMမှ ရန်ကုန် ဥက္ကဌ ဒေါ်ခင်နီလာစိုးကပြောသည်။
“ဆန္ဒပြနေစဉ်အတွင်း အလုပ်မထုတ်ရဘူးလို့ ဥပဒေမှာပါရှိတယ်။ဥပဒေမဲ့အလုပ်ထုတ်တာမျိုးလုပ်နေတာကို အစိုးရအနေနဲ့မဟန့်တားနိုင်ဘူးလား။”ဟု ဒေါ်ခင်နီလာစိုးကပြောသည်။
ယခုကဲ့သို့ ရာချီအလုပ်ထုတ်ခြင်းသည် လူရာချီအလုပ်လက်မဲ့ဖြစ်စေကာ ဒုက္ခရောက်ကြပြီး တိုင်းပြည်အတွက်ကုန်ထုတ်လုပ်မှုစွမ်းအား ကျဆင်းခြင်းနှင့် မလိုလားအပ်သောပဋိပက္ခများဖြစ်ပေါ်လာနိုင်သည်ဟု CTUMမှ ပြောသည်။
“ဒီနေ့၂၀၀ထုတ်တယ်။ အဲ့လိုမျိုးရာချီထုတ်နေတာကို အစိုးရက ဒါမျိုးမလုပ်ရဘူးဆိုပြီး ဟန့်တားမယ်။ ဖိအားပေးမယ်ဆို ဒီလိုဖြစ်လာစရာမရှိဘူး။အစိုးရအနေနဲ့ နိုင်ငံ့အလုပ်သမားအရေးကို မကြီးထွားအောင် လုပ်ပေးစေချင်တယ်။”ဟု ဒေါ်ခင်နီလာစိုးကပြောသည်။
ယင်းအထည်ချုပ်စက်ရုံ အလုပ်ရှင်မှ အလုပ်သမားများကို တစ်ရက်လျှင် အထည် ၇၅၀ချုပ်ခိုင်းသော်လည်း အလုပ်သမားများမှ တရက်လျှင်အထည်၅၀၀သာချုပ်ပေးနိုင်ကြောင်းနှင့် တစ်နာရီ ၇၅ထည်ရဖို့ဆိုသည်မှာ မလွယ်ကြောင်း ညှိနှိုင်းရာမှ မပြေမလည်ဖြစ်ကာ အလုပ်ထုတ်ခြင်းများပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သူကပြောသည်။
အလုပ်သမား၃၇၀ကျော် အလုပ်ထုတ်ခံထားရပြီး လျော်ကြေးထက် အလုပ်ပြန်လည်ရရှိရန် အလုပ်သမားအင်အား ၅၀၀ခန့်ဖြင့် ဇွန်လ၊၂၄ရက်နေ့က မဟာဗန္ဓုလပန်းခြံရှေ့တွင် အလုပ်ရှင်က အလုပ်သမားများအား ဥပေဒမဲ့ အလုပ်မှ ထုတ်ပယ်ခြင်း၊ ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေးများ ရရှိရေးနှင့် ခွဲခြားဖိနှိပ်မှုများ ရပ်တန့်ရေးတို့ကိုပါ တောင်းဆိုဆန္ဒပြခဲ့သည်။
သီဟ
ဓာတ်ပုံ – ကောင်းစွမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*