ချက်ပြုတ်စားသောက်ရန်အတွက် ခွေးကို အဆိပ်ကျွေးသတ်သည့် ပုသိမ်က တူဝရီး ၂ဦးကို ရဲဖမ်းထား

ချက်ပြုတ်စားသောက်ရန်အတွက် ခွေးကို အဆိပ်ကျွေးသတ်သည့် ပုသိမ်က တူဝရီး ၂ဦးကို ရဲဖမ်းထား
June 28, 2017 Asian Fame

5:42 pm
ချက်ပြုတ်စားသောက်ရန်အတွက် ခွေးကို အဆိပ်ကျွေးသတ်သည့် ပုသိမ်က တူဝရီး ၂ဦးကို ရဲဖမ်းထား

crime

ရန်ကုန်၊ ဇွန် ၂၈

အိမ်မွေးခွေး ၂ကောင် ကို ချက်ပြုတ်စားသောက်ရန်အတွက် အဆိပ်ကျွေးသတ်သည့် ပုသိမ်၊အမှတ်(၈) ရပ်ကွက် က တူဝရီး ၂ဦးကို ဖမ်းဆီးထားသည်ဟု ပုသိမ်နယ်မြေရဲစခန်းက Popular News ကို ပြောသည်။

ဇွန်လ ၂၆ ရက်နေ့က ကမ်းနီမရမ်းကုန်း ကျောင်းတိုက်မှ ဆရာတော် အပါအ၀င် ရပ်ကွက်နေပြည်သူအချို့ က ယင်းတူ၀၇ီး ၂ဦးသည် ဘုန်းကြီးကျောင်းမှခွေးကို အဆိပ်ကျွေးသတ်ခဲ့ကြောင်း၊ထို့ကြောင့်အရေးယူပေးရန် ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်ဟု နယ်မြေရဲစခန်းက အရာရှိက ပြောသည်။

”စစ်ကြည့်လိုက်တော့ သူတို့က ချက်စားဖို့ ခွေးကို အဆိပ်ကျွေးသတ်ခဲ့တာလို့ ၀န်ခံတယ်။စိုက်ပျိုးရေးသုံးပိုးသတ်ဆေး သုံးထားတာ တွေ့ရတယ်”ဟု ၎င်းက ပြောသည်။လက်ရှိတွင် ယင်းနေရာအပါအ၀င် ပြင်ပတွင် ထို ၂ဦးက ခွေးများကို အဆိပ်ကျွေးသတ်ပြီး အသားများအား ရောင်းချ စားသောက်သူနေသည် ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေရာယင်းသတင်းသည် ကောလဟာလ သတင်းသာ ဖြစ်သည်ဟု ပုသိမ်နယ်မြေရဲစခန်းက ပြန်လည် ဖြေရှင်းထားသည်။”သူတို့က သူတို့စားဖို့ သတ်တာပါ။ရောင်းဖို့ချဖို့ မဟုတ်ပါဘူး”ဟု ရဲအရာရှိက ဆက်ပြောသည်။ကမ်းနီမရမ်းကုန်း ကျောင်းတိုက်မှ ဆရာတော် တစ်ပါးက တရားလို လုပ်အမှုဖွင့်သဖြင့် ရဲစခန်းက လက်ခံခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၄၂၈ (တိရစ္ဆာန်တစ်ကောင်ကို ထိခိုက်နာကျင်အောင် လုပ်ဆောင်ခြင်း၊သေစေအောင် အားထုတ်ခြင်း)ဖြင့် အမှုဖွင့်ထားသည်။တူဝရီး ၂ဦးကို လက်ရှိတွင် အာမခံပေးထားပြီး မကြာမှီ တရားစွဲတင်မည် ဟု ရဲစခန်းက ပြောသည်။ရာဇသတ်ကြီးပုဒ်မ ၄၂၈သည် ထောင်ဒဏ် ၂နှစ်အထိ ပေး၍ရသည့် ဥပဒေပုဒ်မ တစ်ခုဖြစ်သည်။ယင်းအပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ပုသိမ်ဒေသခံ သတင်းသမားတစ်ဦးက ”အချို့အရက်ဆိုင်တွေမှာ ဆိုရင် ခွေးသားကို အမြည်းအဖြစ်ချက်ရောင်းတာတွေလည်း ရှိပါတယ်။စားတဲ့ သူတွေ စားကြတာပဲ”ဟု ပြောသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*